Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

Showing posts with label အခန်း ၁၄ - Maintenance and docking. Show all posts
Showing posts with label အခန်း ၁၄ - Maintenance and docking. Show all posts

25 July, 2011

အခန်း ၁၄ - Maintenance and docking

Maintenance and Docking


၁၄.၁ Construction materials for ships
၁၄.၁.၁ Wood
၁၄.၁.၂ Steel
၁၄.၁.၃ Aluminium and its alloys
၁၄.၁.၄ Copper and its alloys
၁၄.၁.၅ Synthetic material
၁၄.၂ Corrosion
၁၄.၂.၁ The corrosion process
၁၄.၂.၂ Protective layers

၁၄.၃ သင်္ဘောဆေး
၁၄.၃.၁ General
၁၄.၃.၂ Conventional Paint
၁၄.၃.၃ Binary Paint
၁၄.၃.၄ Comparing the two painting systems

၁၄.၁ Construction materials for ships

သင်္ဘောတည်ဆောက်ရာတွင် အသုံးပြုသော ပစွည်းများ

              ဤအခန်းသည် သတ္တုများအကြောင်းကို သေးစိတ်ဖော်ပြသော အခန်းမဟုတ်ပေ၊ သို့သော် သင်္ဘောတည်ဆောက်ရာတွင် အသုံးပြုသော သတ္တုများအကြောင်း နှင့် ၄င်းတို့၏ သွင်ပြင်လက္ခဏာများ အကြောင်းကို ရှင်းပြမည်။  ဤအခန်းတွင် အဓိကအားဖြင့် သံချေးတက်ခြင်းနှင့် သံချေးတက်ခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း များအကြောင်းကို ဖော်ပြသွားမည်။



၁၄.၁.၁ Wood

        ၁၈ရာစု အကုန်အထိ သစ်သားသည် သင်္ဘောတည်ဆောက်ရတွင် အသုံးပြုသည့် တစ်မျိုးထဲသော ပစွည်းဖြစ်သည်။  ၄င်းသစ်သားင်္ဘောများသည် ထိုအချိန်က သံသင်္ဘောများထက် သက်တမ်းပိုမို ကြာကြာခံနိုင်သည်။  မိုင်းရှာ သင်္ဘောများတွင်လည်း သစ်သားကို အသုံးပြုခဲ့ကြသည်။  ယနေ့ ခေတ်သစ်သင်္ဘောများတွင် အထူးသဖြင့် ခရီးသည်တင် သင်္ဘောများတွင် သစ်သားကို လှေကားများ၊ ကုန်ပတ် နှင့် အတွင်းပိုင်းအလှဆင်မှု့ အတွက် အသုံးပြုကြသည်။  မာကြောသော သစ်သား (ဥပမာ - ကျွန်းသစ်)မှလွဲ၍  ကျန်သော သစ်သားများမှာ ဆွေးမြေ့ပျက်စီးနိုင်သောကြောင့် အဆိုပါ ဆွေးမြေ့ပျက်စီးမှု့မှ ကာကွယ်ရန်လိုအပ်သည်။  ကုန်းပတ်တွင် သစ်သားကို အသုံးပြုခြင်းအားဖြင့် ချောလဲခြင်း (slippery) မှ ကာကွယ်နိုင်သည်။  သစ်သားများသည် အခြားသော သတ္တုပစွည်းများကဲ့သို့ မဟုတ်ဘဲ၊ အကြိမ်ကြိမ်ဖိနှိပ်သော်လည်း အားနဲခြင်း ညောင်းသွားခြင်းမရှိပေ။  သိုရာတွင် သံထည် ကုန်းပတ်ပေါ်တွင် သစ်သားကို ထပ်ခင်းပါက သံချေးမတက်စေရန် အထူးဂရုပြုရန်လိုအပ်သည်။  အလွန်များပြားသော သံချေးမျာမတက်စေရန်အတွက် သစ်သားနှင့် သံကြားတွင် ရေမခိုစေနိုင်ရန် ပြုလုပ်ရမည်။





၁၄.၁.၂ Steel

                    ၁၈၀၀ ပြည့် အစောပိုင်းကာလများတွင် သင်္ဘောများကို သစ်သားနှင့်တည်ဆောက်ရာမှ အခြားသော ပစွည်းများနှင့် ရောစပ်တည်ထွင်ပြီး တည်ဆောက်လာခဲ့ကြသည်။  သစ်သားကို သံဖရိန် (Steel frames) များနှင့် ရောစပ်တည်ဆောက်ရာမှ နောက်ပိုင်းတွင် ၁၀၀% သံထည်များကို အသုံးပြုလာခဲ့ကြသည်။  ရောစပ်တည်ဆောက်ခြင်း (Composite Building) သည် သံဖရိန်များကို အသုံးပြုပြီး ကုန်းပတ်နှင့် သင်္ဘောဝမ်းများကို သစ်သားကပ်၍ တည်ဆောက်ခြင်းဖြစ်သည်။  အဆိုပါသဘောင်္များကို အလျှား ၉၀ မီတာအထိ ရှည်အောင် တည်ဆောက်ခဲ့ကြသည်။  ၁၈၃၀ တွင် တည်ဆောက်သော “Birth” အမည်ရှိ သင်္ဘောမှာ  ရေနွေးငွေ့စွမ်းအားသုံး မြန်နှုန်းမြင့်သင်္ဘောဖြစ်ပြီး သံထည်သက်သက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  သံထည်များကို အသုံးပြုပြီးတည်ဆောက်ခြင်းအတွက် အရေးပါသော မှတ်တိုင်တစ်ခုမှာ “Great Easten” အမည်ရှိသင်္ဘောဖြစ်သည်။  အဆိုပါသင်္ဘောကို ၁၈၅၃ ခုနှစ်တွင်စတင်တည်ဆောက်ပြီး ၁၈၅၈ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။  အဆိုပါသင်္ဘောသည် အလျှား ၂၀၀ မီတာ၊ အနံ ၂၅ မီတာ နှင့် အနက် ၁၇ မီတာရှိသည်။ အဆိုပါသင်္ဘောသည် ထိုစဉ်အချိန်က အကြီးဆုံး သံထည်သင်္ဘော ဖြစ်ခဲ့သည်။  ထိုနောက်ပိုင်းတွင် သံထည်တည်ဆောက်မှု့ အဆင့်ဆင့်ကို ပိုမိုကောင်းမွန်အောင်တည်ထွင်ကြံဆ လုပ်ကိုင်လာခဲသည်မှာ တဖြည်းဖြည်းနှင့် ယနေ့ခေတ်အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။  ယနေ့အချိန်တွင်လည်း သံမဏိသည် သင်္ဘောတည်ဆောက်ခြင်းအတွက် လူကြိုက်အများဆုံး သတ္တုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်
  • -       နည်းပညာပိုင်းဆိုင်ရာ၌ လည်းကောင်း၊ စီးပွားရေး ရှုဒေါင့်အားဖြင့်လည်းကောင်း အားသာချက်များရှိခြင်း
  • -       သံ၏ ခံနိုင်ရည်အား (Strength)
  • -       ဂဟေ (Welding)ဆော်ရန် အတွက် သင့်လျှော်သော သတ္တုဖြစ်ခြင်း
  • -       ကျိုးပဲ့မှု့မှ ခံနိုင်ရည်ရှိခြင်း (adequate resistance to brittle fracture)
  • -       ဈေးနှုန်းသက်သာခြင်း နှင့် အလွယ်တကူရရှိနိုင်ခြင်း

စသော အချက်များကြောင့်ပင် သံကို သင်္ဘောတည်ဆောက်မှု့အတွက် လူကြိုက်များရခြင်း ဖြစ်သည်။

၁၄.၁.၃ Aluminium and its alloys

       အလူမီနီယမ်သည် အလွန်ပျော့သော သတ္တုဖြစ်သည်၊ သို့သော် အခြားသော မှန်ကန်သည့် ပေါင်းစပ်သတ္တုများကို ရောစပ်ခြင်းဖြင့် ပိုမို တောင့်တင်းပြီး ပိုမို မာသော သတ္တု အဖြစ် ရရှိလာသည်။  အလူမီနီယမ်သည် သံလိုက်မှု့ (non-magnetic) မရှိသော သတ္တုဖြစ်ပြီး၊ မိုင်းရှာသင်္ဘောများတည်ဆောက်ရန်အတွက် အသုံးဝင်သည်။  အလူမီနီယမ်မှာ သဘာဝအားဖြင့် တည်ငြိမ်သော (Nobel) သတ္တု မဟုတ်သော်လည်း အတန်အသင့် ချေးတက်(Corrosion) မှ ခံနိုင်ရည်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၄င်း၏ အပေါ်ယံလွှာသည် သိပ်သည်းသော အောက်ဆိုဒ်အလွှာဖြစ်ပြီး ၄င်းသည် ချေးတက်ခြင်းမှ ကာကွယ်ပေးသည်။  သို့သော် အကယ်၍ ဓာတုပစ္စည်း သို့မဟုတ် လျှပ်စစ်ကြောင့် အဆိုပါ အောက်ဆိုဒ် အလွှာပျက်ပျယ်သွားပါက အလျှင်အမြန် ချေးတက်နိုင်သည်။

            အလူမီနီယမ်ကို အသုံးပြုခြင်း၏ အဓိက ကောင်းကျိုးမှာ ပေါ့ပါးခြင်းဖြစ်သည်။  သို့သော် အလူမီနီယမ်သည် သံမဏိထက် ပိုမို ပျော့ပြောင်းသောကြောင့် တည်ဆောက်ရာတွင် ပိုမို ခက်ခဲသည်။  အပေါက်ဖောက်ပါက အလွယ်အကူ ညိနိုင်သည်။ ထိုပြင် မျက်နှာပြင်ညီညာမှုရရန် ပိုမိုခက်ခဲသည်။  မျက်နှာပြင်ညီညာစေရန် အသုံးပြုသော ကျောက်မှာလည်း (Grindstone) ခဏအတွင်း အလူမီနီယမ် အမှုန်များဖြင့် စေးကပ်ပြီးသွားနိုင်သည်။  ထိုပြင် အလူမီနီယမ်ကို ပုံမှန် ဂဟေဆက် ပစွည်းများဖြင့် အသုံးပြုရန် မလွယ်ကူပေ။  အလူမီနီယမ်ကို ခရီသယ်တင်သင်္ဘောများ၏ အထက်ပိုင်း အထပ်များအတွက်သော်လည်းကောင်း၊ မိုင်းရှာသင်္ဘောများတွင် လည်းကောင်း၊ ဇိမ်ခံ ရွက်လှေများအတွက်သော်လည်းကောင်း၊ အသက်ကယ်လှေများအတွက်သော်လည်းကောင်း၊ မြန်နှုန်းမြင့် အပေါ့စား မော်တာ သင်္ဘောများအတွက်သော်လည်းကောင်း၊ အချို့သော ပေါ့ပါးရန်လိုအပ်ပြီး သံလိုက်မှုမရှိရန်လိုအပ်သော ဥပမာ ငါးဖမ်းသင်္ဘောများ၏ စလင်ခန်း (Wheelhosue) အတွက်သော်လည်းကောင်း၊ ကြီးမားသောသင်္ဘောများ၏ သံလိုက်အိမ်မြှောင်ထားရှိရာ ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း အသုံးပြုသည်။


၁၄.၁.၄ Copper and its alloys

ကြေးဝါ (Brass)

        ကြေးဝါသည် တည်ငြိမ်မှု့(nobel) အတန်အသင့်ရှိသောကြေးနီနှင့် သွပ် ရောစပ်ထားသော သတ္တုဖြစ်သည်။  ပင်လယ်ရေနှင့် ထိတွေ့ပါက သွပ်သည် ပင်လယ်ရေထဲတွင် ပျော်ဝင်နိုင်သွားသောကြောင့် ကျန်ရစ်သောသတ္တုသည် အပေါက်ငယ်များဖြင့် ကျန်ခဲ့သည်။  ထို့ကြောင့် အဆိုပါ ကြေးဝါ (Brass) ကို ပင်လယ်ရေနှင့် အမြဲတမ်းထိတွေ့ရန် လိုအပ်သော အစိတ်အပိုင်းများတွင် အသုံးမပြုပေ။  သို့သော် ကြေးဝါသည် ရေချိုနှင့် ဆီများနှင့် ထိတွေ့ရန် သင့်လျှော်သောကြောင့် ဆီထိုးပေါက်များ (nipples)၊ သာမိုမီတာ၊ မန်နိုမီတာ စသော သင်္ဘောတွင် ပြောင်လက်သော ကိရိယာများအတွက် အသုံးပြုသည်။  သင်္ဘောအိမ်မြှောင်အိမ်အတွက်လည်း  အဆိုပါ ကြေးဝါကို အသုံးပြုသည်။







ကြေးညို (Bronze)

        ကြေးညိုသည် ရောစပ်သတ္တုဖြစ်ပြီး ကြေးနီ (copper) နှင့် သံဖြူကို ရောစပ်ထားခြင်းဖြစ်သည်။  ကြေးညိုသည် ပင်လယ်ရေနှင့်ထိတွေ့ရာတွင် ခံနိုင်ရည်ရှိပြီး ၄င်းကို သင်္ဘောပန်ကာ (Propellers)များ ၊ ဗာဗ် (Vlaves)များ၊ အအေးခံသည့် ကိရိယာများ (coolers) နှင့် အခြားသော ပင်လယ်ရေနှင့် ထိတွေ့ရန် လိုအပ်သော အစိတ်အပိုင်းများ အတွက် အသုံးပြုသည်။  ယနေ့ခေတ်တွင် သင်္ဘော ခေါင်းလောင်းကို ကြေးညိုသတ္တုဖြင့် ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး သင်္ဘောပန်ကာ (Propellers) များကိုမူ အခြား သော တီထွင်ထုတ်လုပ်ထားသည့် ပိုမိုကောင်းမွန်သော ရောစပ်သတ္တုများကို အသုံးပြုလာကြပြီဖြစ်သည်။  ကြေးညိုကို ယနေ့အချိန်တွင် ရေစုပ်စက် (Pumps) များနှင့် အပူလဲလှယ်ကရိယာ (Heat Exchangers) များတွင် တွေ့ရှိနေရဆဲဖြစ်သည်။  ကြေးညိုသည် သံမဏိထက် ပိုမို တည်ငြိမ် (nobel) သောသတ္တုဖြစ်သည်။  အလွန်ပျော်ဝင်နှုန်းမြင့်သော ပင်လယ်ရေတွင်မူ သံဖြူသည် တဖြည်းဖြည်းပျော်ဝင်နိုင်သည်။  ၄င်းအချက်ကြောင့် ကြေးညိုသတ္တု အသုံးပြုသော သင်္ဘောပန်ကာများသည် တဖြည်းဖြည်း မျက်နှာပြင် ကြမ်းတမ်းလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။

၁၄.၂ Corrosion

              ယခု အခန်းတွင် သံချေးတက်ခြင်း ၊ သံချေးတက်ပုံ အဆင့်ဆင့်နှင့် သံချေးတက်ခြင်းမှ ကာကွယ်ပုံ တို့ကို ဖော်ပြပေးသွားပါမည်။


၁၄.၂.၁ The corrosion process

          သတ္တုဗေဒ အဆိုအရ သံမဏိကို သံစိမ်းမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဧရာမ မီးဖိုကြီးများကို အသုံးပြုကာ အောက်ဆီဂျင် နှင့် ကာဘွန်ကို သံစိမ်းမှ ဖယ်ထုတ်သည်။  သတ္တုတော်တော်များများကိုလည်း အဆိုပါ မီးဖိုကြီးများ အသုံးပြုကာ အောက်ဆီဂျင်နှင့် အခြားသော ပေါင်းစပ် သတ္တုများကို ဖယ်ထုတ်ခြင်းဖြင့် ရရှိသည်။  သံချေးတက်ခြင်းဆိုသည်မှာ အဆိုပါအဆင့်နှင့် ပြောင်းပြန်ဖြစ်သည်။  သတ္တုသည် အောက်ဆီဂျင်နှင့် သော်လည်းကောင်း တစ်ခါတစ်ရံ အခြားသော ပေါင်းစပ်အရာများနှင့် သော်လည်းကောင်း ပြန်လည်ပေါင်းစပ် ဓာတ်ပြုသွားခြင်းဖြစ်သည်။  များသောအားဖြင့် အဆိုပါသံချေးတက်သောအခါ သိပ်သည်းသော အောက်ဆိုဒ် အလွှာ တစ်ခု ဖြစ်ပေါ်လာပြီး ၄င်း၏ အောက်တွင်ရှိသော သတ္တုကို ကာကွယ်ပေးသည်။  သံများမူ အဆိုပါအောက်ဆိုဒ်သည် ရေနှင့် ထိတွေ့သောအခါ ဖယ်ရိုဟိုက်ဒရောဆိုဒ် (Ferrohydroxide) အဖြစ်သို့ပြောင်းလဲသွားသည်။  ထိုသို့ပြောင်းလဲသွားခြင်းကြောင့် အောက်တွင်ရှိသော သတ္တုသည် သံချေးတက်ခြင်းမှ အကာအကွယ် မရတော့ပေ။
        အကယ်၍ ပင်လယ်ရှိ သက်ရှိအကောင်များ သည် သတ္တုပေါ်သို့ ကပ်ညှိပါက သံချေးတက်ခြင်းကို ပိုမိုလျှင်မြန်စေသည်။  သင်္ဘောဝမ်းတွင် ပင်လယ် သက်ရှိအကောင်ငယ်များ ကပ်ညိပါက သင်္ဘော၏ resistance ကို တိုးလာစေသည်၊ ထိုပြင် အဆိုပါအကောင်ငယ်များသည် သင်္ဘော၏ ပိုက်များ၊ အိတ်ဇော စနစ်များ သို့ ကပ်ညှိပါကလည်း ပိုက်များကို ပိတ်ဆို့စေသည်။
        ကျန်သော အခန်းတွင် သံချေးတက်ခြင်းအကြောင်းကို အကျယ်အားဖြင့် ဖော်ပြပေးသွားပါမည်။  အဘယ်ကြောင့်ဆိုသော် သံမဏိသည် သံချေးတက်လွယ်သောကြောင့် ဖြစ်သည်။





                   















Corrosion in ballast tank of a tanker


       
    Corrosion in a ballast tank of a tanker
သင်္ဘောကို သံချေးတက်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အချက်များကို တစ်ခုခြင်းသော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း အသုံးပြုရမည်
  • -       ကာကွယ်ပေးနိုင်သော အလွှာကို သုံးခြင်း (ဆေးသုတ်ခြင်း)
  • -       Cathode ဖြင့် ကာကွယ်ခြင်း၊ အဆိုပါ အသုံးပြုခြင်းတွင် လျှပ်စစ်အား (impressed current) ကိုအသုံးပြုခြင်းနှင့် တိုက်စားခံ Andoe ဖြင့်ကာကွယ်ခြင်း (secrifical andoes) ဟူ၍ ၂ မျိုးရှိသည်။
  • -       လျှပ်စစ် ဓာတ်ပြုမှု့နည်းစေရန် အခြားသော အစားထိုး သတ္တုများကို အသုံးပြုခြင်း စသည် တို့ဖြင့် ကာကွယ်နိုင်သည်။

၁၄.၂.၂ Protective layers

           ကာကွယ်ပေးသော အလွှာတစ်ခုသည် သံချေးတက်ခြင်းအဆင့်ကို တန်ပြန်ရွေ့သော်လည်းကောင်း၊  ရပ်တန့်စေရန်လည်းကောင်း၊ လျှော့ပါးစေရန်လည်းကောင်း ပြုလုပ်နိုင်သည်။  အောက်ဖော်ပြပါ နည်းများကို အသုံးပြုနိုင်သည်။
-       ယာယီ ကာကွယ်ပေးနိုင်သော်အလွှာ ဥပမာ - ချောဆီနှင့် စက်ဆီကဲ့သို့သော အရာများ။ ဤနည်းလမ်းကို အများအားဖြင့် အင်ဂျင်၏ အစိတ်အပိုင်းများတွင် အသုံးပြုသည်။
  • -       အရောင်တင်ဆေး (enamel) သို့ အရည်စီမ် အလွှာ (enodised  layer) စသည့် အင်အော်ဂန်းနစ် အပေါ်ယံအလွှာများကို အသုံးပြုခြင်း။
  • -       အော်ဂန်းနစ် အပေါ်ယံလွှာများဖြစ်သော အက်ပေါက်စီ (Epoxy) ဆေး (၂ ထပ်သုတ်ရန်လိုအပ်သည်) သို့မဟုတ် သမားရိုးကျ သင်္ဘောဆေး (၁ ထပ်သုတ်ရန်လိုအပ်သည်) စသည်တို့ကို အသုံးပြုခြင်း။  ပထမဆုံး သင်္ဘောဆေးကို ခံဆေး (Primer) အဖြစ်သုတ်ရန်လိုအပ်သည်။ ၄င်း ခံဆေးသည် သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။
  •       သင်္ဘောများသည် အများအားဖြင့် သင်္ဘောဆေးကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသော အလွှာအဖြစ် အသုံးပြုကြသည်။
သင်္ဘောဆေးနှင့် သင်္ဘောဆေးသုတ်ခြင်းကို နောက်အခန်းများတွင် ဖော်ပြပေးသွားပါမည်။




၁၄.၃ သင်္ဘောဆေး



            ဤအခန်းသည် သင်္ဘောဆေး အမျိုးစားများ၊ သင်္ဘောဆေးမသုတ်မီ ကြိုတင်ပြင်ဆင်မှု့များ၊ သင်္ဘောဆေးသုတ်နည်းစနစ်များ၊ သံချေးတက်ပုံမှ ကာကွယ်သော ပစ္စည်းများ စသည်တို့ကို ဖော်ပြသွားပါမည်။

၁၄.၃.၁ General

                   သင်္ဘောဆေးသည် အရည်တစ်မျိုးဖြစ်ပြီး အရာဝတ္တုများ၏ မျက်နှာပြင်ပေါ်တွင် ပေါ်တွင် ပါးလွှာရော အလွှာအဖြစ် အသုံးချရန်ဖြစ်သည်။  သင်္ဘောဆေး သုတ်နေစဉ်အချိန်နှင့် သုတ်ပြီးသော အချိန်တွင် ၄င်းသည် ပါးလွှာသော မျက်နှာပြင်တစ်ခုကို ဖြစ်ပေါ်စေပြီး အဆိုပါမျက်နှာပြင်သည် တင်းကျပ်သော တစ်သားထည်းရှိသည့် အလွှာကို တည်မှီဖြစ်ပေါ်စေသည်။  ခြောက်သွေ့သွားသောအခါ အရည်အဖြစ်မှ မာကျောသောအခဲအဖြစ်သို့ ပြောင်းလဲသွားပြီး ၄င်းသည် အောက်ခံ မျက်နှာပြင်ကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။ သင်္ဘောဆေးများကို အလှဆင်ရန်အတွက်လည်း အသုံးပြုကြသည်။  သင်္ဘောဆေး အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • -       သမားရိုးကျ သင်္ဘောဆေး
  • -       ပုံမှန် ခြောက်သွေ့နိုင်သော သင်္ဘောဆေး (Physical Drying Paint)
  • -       အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး ခြောက်သွေ့သော သင်္ဘောဆေး (Oxdative Drying Paint)
  • -       ဓာတုနည်းအားဖြင့် ခြောက်သွေ့နိုင်သော သင်္ဘောဆေး သို့ နှစ်မျိုးစပ် သင်္ဘောဆေး (Chemical Active Paint or Binary Paints)

ဈေးကွက်ထဲတွင် တွေ့မြင်ရမည့် သင်္ဘောဆေး တံဆိပ်တစ်မျိုး

၁၄.၃.၂ Conventional Paint

              အလွန်ရှေးကျသော သင်္ဘောဆီဆေးများကို လျှော်စေ့ တစ်မျိုးမှ ရရှိလာသော အဆီနှင့် တာပင်တိုင်ကို ရောစပ်ခြင်းဖြင့် ထုတ်လုပ်သည်။  နောက်ပိုင်းတွင် ၄င်း သင်္ဘောဆေးများကို ဓာတုဗေဒနည်းအားဖြင့် ဖော်စပ်သော သင်္ဘောဆေးများဖြင့် အစားထိုး သုံးစွဲလာခဲ့ကြသည်။  အဆိုပါ ဆီဆေးများကဲ့သို့ ပြုမူသော သင်္ဘောဆေးများကို သမားရိုးကျ သင်္ဘောဆေးများဟု ခေါ်သည်။  အဆိုပါ သင်္ဘောဆေးများကို ဖွင့်၍ မွှေပြီးလျှင်  ပြီးခြင်း အသုံးပြုနိုင်သည်။  ပိုကျန်သော သင်္ဘောဆေးများကို အလုံပိတ်ထားသော ဗူးများတွင် နောင်တစ်ကြိမ် အသုံးပြုရန်အတွက် သိမ်းဆည်းနိုင်သည်။  သမားရိုးကျ သင်္ဘောဆေးများ ခြောက်သွေ့ရခြင်းမှာ
-       ပါဝင်သော ပျော်ရည် (Solvent) များ အငွေ့ပျံခြင်းကြောင့် သော်လည်းကောင်း (ပုံမှန် ခြောက်သွေ့ခြင်း)
-       ပေါင်းစပ်ထားသော ပါဝင် ပစ္စည်းများသည် လေထုထဲရှိ အောက်ဆီဂျင်နှင့် ဓာတ်ပြုခြင်းကြောင့်သော်လည်းကောင်း (အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး ခြောက်သွေ့ခြင်း သို့ ပိုလီမာရိုက်ဇေးရှင်း ဖြစ်စဉ်)ကြောင့် ဖြစ်သည်။

သင်္ဘောများတွင် အသုံးပြုသော သမားရိုးကျ သင်္ဘောဆေးများ
  • -       Alkyd paint (ဓာတုနည်းအားဖြင့် ခြောက်သွေ့သည်)
  • -       Acrylic paint (ပုံမှန်ခြောက်သွေ့သည်)
  • -       Vinyl paint (ဓာတုနည်းအားဖြင့် ခြောက်သွေ့သည်)
  • -       ပြုပြင်ထားသော alkyd paint or alkyd resin slags (ဓာတုနည်းအားဖြင့် ခြောက်သွေ့သည်)


ယေဘူယအားဖြင့်ဆိုသော် သမားရိုးကျ သင်္ဘောဆေးများတွင် အောက်ပါ ပေါင်းစပ်ပစ္စည်းများ ပါဝင်သည်။
  • -       ပေါင်းစပ်ဆေး (binding agent)
  • -       အရောင် (pigment)
  • -       ပျော်ဝင်ရည် (solvent)
  • -       ခံဆေး/ခိုင်ဆေး (additives and fillers)

ယနေ့အချိန်တွင် သွပ် ခရိုမိတ်များ (Zinc chromates)၊ ခဲ (lead) အစရှိသော သတ္တုများ အသုံးပြုမှု့နှင့် ပတ်သတ် ၍ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ကာကွယ်မှု့ပြဋ္ဌာန်းချက်များ ချမှတ်လာကြသည်။  ထိုနည်းတူ ကလိုရင်းပါဝင်သော (Chlorinated) ရာဘာ သုတ်ဆေးစနစ်များ နှင့် ဗီနိုင်း (Vinyl) သုတ်ဆေးစနစ်များကို လည်း ဆက်လက် အသုံးပြုခြင်းမရှိကြတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အန္တရာယ်ပေးနိုင်မှု့ မြင့်မားသော အော်ဂန်းနစ် ဓာတ်ပေါင်း (ဥပမာ - တော်လူရင်း၊ ဘန်ဇင်း) များ ပါဝင်နှုန်းမြင့်မားသောကြောင့် ဖြစ်သည်။  သိုသော် အဆိုပါ ကန့်သတ်ချက်များသည် သက်ဆိုင်ရာ နိုင်ငံအလိုက်ပေါ်မူတည်သည်။
ရေကို acrylics သင်္ဘောဆေးများအတွက် သော်လည်းကောင်း၊ နှစ်မျိုးစပ် သင်္ဘောဆေး (Water-based epoxy) အတွက်သော်လည်းကောင်း အသုံးပြုသည်။  အဆိုပါ သင်္ဘောဆေးများမှာ ပျော်ဝင်ရည် မပါရှိသော သင်္ဘောဆေးများ မဟုတ်ကြပေ။  ပျော်ဝင်ရည်မပါရှိသော သင်္ဘောဆေး (epoxies) များတွင် တင်နာ(thinner) ကို ပုံမှန်အားဖြင့် အသုံးမပြုကြသကဲ့သို့ အသုံးပြုပါကလည်း ရာသီဥတု (အပူချိန်)ပေါ်မူတည်ပြီး ဆေးရောစပ် ပုံးထဲတွင် အနည်းငယ်သာ ရောစပ် အသုံးပြုလေ့ရှိကြသည်။




Binding Agent

သင်္ဘောဆေးများတွင်binding agent ကို အောက်ပါ အတွက် အသုံးပြုသည်။
  • သင်္ဘောဆေး ပျံနှံမှု ညီညွှန်မျှတစေရန် လည်းကောင်း (Coherence)
  • အရောင်များ သင်္ဘောဆေးတွင် ပေါင်းစပ် စေရန်လည်းကောင်း (connecting)
  • အောက်ခံမျက်နှာပြင်တွင် သင်္ဘောဆေးများ စွဲကပ်စေရန်လည်းကောင်း (adhering)
  • ထိုပြင် အခြားသော သင်္ဘောဆေးတွင် အရေးကြီးသည့် သွင်ပြင်လက္ခဏာ များဖြစ်သော တောက်ပစေရန်၊ ကျုံနိုင်ဆံခံနိုင်စေရန် သင်္ဘောဆေး၏ အကြမ်းခံနိုင်မှုရှိစေရန်၊ ပွန်းပဲ့မှုမှ ခံနိုင်ရည်ရှိစေရန်၊ ဓာတုပစွည်းများနှင့်လည်းကောင်း နေရောင်ခြည်နှင့်လည်းကောင်း ထိတွေ့ရာတွင် ခံနိုင်ရည်ရှိစေရန်၊ အစသည်တို့အတွက် အသုံးပြုသည်။     
အဆိုပါ ပေါင်းစပ်ဆေး (Binding agent) တွင် ခြောက်သွေ့သော ဆီများ သို့မဟုတ်၊ သစ်ခေါက်(သို့) လျှော်မှ ရရှိသော ပစွည်းများ(synthetic resins) သို့ ရော်ဘာမှ ထွက်သည့်အစေးများ (latex) သို့မဟုတ် အဆိုပါ ပစ္စည်းများကို ပေါင်းစပ်ခြင်း မှ ရရှိနိုင်သည်။


အရောင် (Pigment)
            အရောင်ဓာတ်သည် အခဲ အမှုန့်များဖြစ်ပြီး သင်္ဘောဆေးကို အရောင်ဖြစ်ပေါ်စေသည်။ ထို့အပြင် အရောင်ဓာတ်သည် သံချေးတက်ခြင်းမှလည်းကာကွယ်ပေးသည်။  ဥပမာအားဖြင့် သွပ်-ခရိုမိတ် (အ၀ါရောင်)၊ သွပ်-ဖော်စဖိတ်၊ သွပ်အမှုန့် (မီးခိုးရောင်)၊ ခဲပါဝင်သော (အနီရောင်၊ လိမ္မော်ရောင်၊ အဆိုပါ ခဲပါဝင်သော သင်္ဘောဆေးများမှာ လူကို အန္တရာယ်ဖြစ်စေနိုင်သည် အတွက် အသုံးမပြုရန် တားမြစ်ထားသည်။) စသည်တို့ဖြစ်သည်။  အရောင်ဓာတ်သည် သင်္ဘောဆေးများ၏ တောက်ပမှု့ကိုလည်းကောင်း၊ ကြံခိုင်မှု့ကိုလည်းကောင်း၊ အဖြည့်ခံအဖြစ်လည်းကောင်း အာဖြည့်ပေးနိုင်သည်။

ပျော်ဝင်အရည်များနှင့် တင်နာ (Thinner)
            ပျော်ဝင်အရည်များနှင့် တင်နာများသည် အငွေ့ပျံလွယ်သော အရည်များ သို့မဟုတ် အငွေ့ပျံလွယ်သော အရည်များနှင့် ရောစပ်ထားသော ပျော်ရည်များဖြစ်ကြပြီး ပေါင်းစပ်ဆေး (binding agent) ထဲတွင် ပေါင်းစပ်ပျော်ဝင်လေ့ ရှိသည်။  ဆေးသုတ်ပြီးသောအခါ၊ ၄င်းတို့သည် အရည် အဖြစ်မှ အငွေ့ပျံသွားကြသည်။  ယေဘူယျအားဖြင့်ဆိုသော် အဆိုပါ အငွေ့များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်သည်။  အဆိုပါ ပေါင်းစပ်အရည်များသည် မီးလောင်လွယ်သည်၊ ထို့ကြောင့် လေထုနှင့် ရောနှောသွားပါက ပေါက်ကွဲမှု့ဖြစ်ပေါ်စေနိုင်သည်။  ထို့ကြောင့် လေလုံသော သို့ ပိတ်လှောင်နေသော နေရာများတွင် အဆိုပါ သင်္ဘောဆေးသုတ်ပါက လေ၀င်/လေထွက်နှင့် ပတ်သတ်၍ တင်းကျပ်သော လိုက်နာရန် စည်းမျဉ်း စည်းကမ်းများပြဋ္ဌာန်းထားသကဲ့သို့ အသက်ရှုရာတွင် ကာကွယ်ပေးသော အကာအကွယ် ပစ္စည်းများကို အသုံးပြုရန်လိုအပ်သည်။  အဆိုပါပျော်ရည်များနှင့် တင်နာကို ခွဲခြား ပြောဆိုရန်ခက်ခဲသည်။  တစ်ခါတစ်ရံ ကျွန်ုပ်တို့ခေါ်ဆိုသော တင်နာ (Thinner) သည် တစ်ခါတစ်ရံ အဆိုပါ ပျော်ရည်ကို ခေါ်ဆိုခြင်းဖြစ်ပြီး၊ တစ်ခါတစ်ရံ တင်နာကို သင်္ဘောဆေး ပိုမို ကျဲစေရန် ကျဲဆေးအဖြစ် အသုံးပြုကြသည်။

သင်္ဘောဆေးအတွက် ပေါင်းစပ်ပစွည်းများ (Filling and additives)
            အဆိုပါပေါင်းစပ်ပစွည်းများကို သင်္ဘောဆေး၏ သွင်ပြင်လက္ခဏာများ ကွဲပြားခြားနားစေရန်ဖြစ်သော  ခပ်မှိန်မှိန် သင်္ဘောဆေးအလွှာရစေရန်လည်းကောင်း၊  သင်္ဘောဆေးတွင် ကြမ်းတမ်းသော မျက်နှာပြင်( ချော်လဲခြင်းမှ ကာကွယ်နိုင်သော မျက်နှာပြင်) ရစေရန်လည်းကောင်း၊ သင်္ဘောဆေးသုတ်မည့် အောက်ခံအရာဝတ္တုကို အပူဒဏ်မှ ကာကွယ်စေနိုင်ရန်လည်းကောင်း၊  သင်္ဘောဆေး အိကျခြင်း၊ တန်ပြန် မလိုလားအပ်သော အလွှာဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်လည်းကောင်း အသုံးပြုကြသည်။

၁၄.၃.၃ Binary Paint


               Binary paint များတွင် သင်္ဘောဆေး၏ အလွှာ ဖြစ်ပေါ်ခြင်းနှင့် ခြောက်သွေ့ခြင်းသည် အဆိုပါ ပါဝင်ပစွည်း၂ မျိုး ဓာတုဗေဒ နည်းအားဖြင့် ဓာတ်ပြုခြင်းမှ ဖြစ်ပေါ်လာသည်။  ထို့ကြောင့် အဆိုပါ သင်္ဘောဆေးများအတွက် ပိုမိုကောင်းမွန်သော နာမည်မှာ ဓာတုဗေဒနည်းအားဖြင့် ပြုမူသော သင်္ဘောဆေး (Chemically active paint)” ဖြစ်သည်။  ၄င်းတွင် ပါဝင်သော ပစွည်းများမှာ -
  • -       အခြေခံ ပါဝင်ပစွည်း (the base component)
  • -       မာဆေး (the hardener) တို့ဖြစ်သည်။

သင်္ဘောဆေး သမမျှတသည်အထိ မွှေစက်ဖြင့် မွှေပေးရသည်။

                 Binary paint သင်္ဘောဆေးများအတွက် အရေးကြီးသော အချက်မှာ ဆေးသုတ်မည့် အောက်ခံအရာဝတ္တု၏ ပတ်ဝန်းကျင် အပူချိန်နှင့် ၄င်း၏ သတ္တုအမျိုးအစားသည် သင်္ဘောဆေး၏ ဓာတ်ပြုမှုနှုန်းကို အကျိုးသက်ရောက်မှု့ရှိစေသည်။  ၂မျိုးစပ်သင်္ဘောဆေးများတွင် အဆိုပါဆေး၂မျိုးကို မျိုးမတူ ဆေးပုံး၂ခုနှင့် ဖြန့်ချီလေ့ရှိသည်။  အခြေခံဆေးနှင့် မာဆေးတို့ကို သမမျှတအောင်ရောစပ်ပြီးသောအခါတွင် ရောစပ်ပြီးသော သင်္ဘောဆေးကို ဆေးမသုတ်ခင် အချိန်အတိုင်းအတာတစ်ခုအထိ ကြာအောင်ထားရသည်။ အဆိုပါ အချိန်အတိုင်းအတာကို “မိတ်ဆက်ချိန်” (Introduction time) ဟုခေါ်သည်။  ပုံမှန်အားဖြင့် ၁၀မိနစ်ခန့်ကြာအောင် ထားလေ့ရှိကြသကဲ့သို့ထုတ်လုပ်သူများမှလည်း သင်္ဘောဆေး၏ အချက်အလက်စာရွက်များတွင် ဖော်ပြလေ့ရှိကြသည်။  ပိုကျန်ရစ်သော သင်္ဘောဆေးများမှ အလဟသ ဖြစ်သွားသည်။  အဆိုပါ သင်္ဘောဆေးများကို ဥပမာအားဖြင့် ပိုလီယူရီသိန်း (polyurethane) နှင့် အက်ပေါက်စီ သင်္ဘောဆေး (epoxy paint) ဟူ၍ တွေ့ရှိနိုင်သည်။

၁၄.၃.၄ Comparing the two painting systems


    သမရိုးကျသင်္ဘောဆေးနှင့် ပေါင်းစပ်ဆေးများကို ရွေးချယ်ရာတွင် များပြားသော အချက်အလက်များပေါ် အခြေခံ၍ ဆုံးဖြတ်လေ့ရှိကြသည်။  ရုပ်ပိုင်းအားဖြင့်သော်လည်းကောင်း ၊ ဓာတုဗေဓ ဂုဏ်သတ္တိအားဖြင့်သော်လည်းကောင်း ပေါင်းစပ်သင်္ဘောဆေးများမှာ သမရိုးကျသင်္ဘောဆေးများထက် ပိုမို သာလွန်ကောင်းမွန်သည်။  သို့သော် မာကျောသောမျက်နှာပြင်၊ ဆေးရောင်တာရှည်ခံနိုင်ခြင်း ရေနှင့်ထိတွေ့ရာတွင် ပိုမိုခံနိုင်ရည်ရှိခြင်း နှင့် ပါဝင်သော ဓာတုဗေဒ ပစွည်းများမှာ သင်္ဘောလိုင်း များအတွက် တူညီသော အရေးကြီးသည့် အချက်အလက်များမဟုတ်နိုင်ပေ။
            အောက်ပါအချက်အလက်များသည်သာ သင်္ဘောဆေး ရွေးချယ်ခြင်းနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာ အချက်များဖြစ်သည်။
-       သင်္ဘောဆေး၏ ဈေးနှုန်း
  • -       အသုံးပြုမည့် သင်္ဘော၏ အမျိုးအစား
  • - သင်္ဘော ပင်လယ်ပြင်တွင် ခုတ်မောင်းနေစဉ် သို့မဟုတ် သင်္ဘော ဒေါက်တင်နေစဉ် အချိန်အတွင်း သင်္ဘောဆေးကို သင်္ဘောကုမဏီ သို့ (သင်္ဘောသားများမှ) ဆေးသုတ်မည် ဟုတ်မဟုတ်
  • -       သင်္ဘောဆေးသုတ်ခင် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များ၏ ဈေးနှုန်း အစရှိသည်တို့ ဖြစ်သည်။


နောက်ဆုံးအချက်မှာ
  • -       သင်္ဘောသားဦးရေ
  • -  မည်သည့်အရပ်သို့ သင်္ဘော ခုတ်မောင်းမည် :  ဥပမာ သမပိုင်းဒေသများသို့ သွားလာပါက သင်္ဘောသားများသည် သင်္ဘောဆေးနှင့် ပတ်သတ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်နိုင်သည်

အကယ်၍ အာတိတ်ရပ်ဝန်းဒေသများသို့ သွားလာသော သင်္ဘောဖြစ်ပါက အဆိုပါ ဒေသတွင် သင်္ဘောဆေးကို ပြုပြင်ထိန်းသိမ်းရန် မဖြစ်နိုင်ဘဲ သင်္ဘောဒေါက်တင်ချိန်တွင်သာ ပြုပြင်ထိန်းသိမ်းနိုင်သည်။

အကယ်၍ သင်္ဘောသားများ သင်္ဘောဆေးကို အသုံးပြုပါက အောက်ပါအချက်အလက်များသည် အရေးကြီးသော အချက်အလက်များဖြစ်သည်။
-       သမရိုးကျသင်္ဘောဆေးများမှာ ပေါင်းစပ်သင်္ဘောဆေးများထက် အသုံးပြုရန်ပိုမို လွယ်ကူသည်
-       ဆေးတစ်မျိုးသာ ပါဝင်သော သင်္ဘောဆေးသည် ၂ မျိုးစပ်၍ အသုံးပြုရသော သင်္ဘောဆေးထက် အသုံးပြုရန် ပိုမိုလွယ်ကူသည်။

၁၄.၄ သင်္ဘောဆေးသုတ်ခြင်း



            ဤအခန်းသည် သင်္ဘောဆေး အမျိုးစားများ၊ သင်္ဘောဆေးမသုတ်မီ ကြိုတင်ပြင်ဆင်မှု့များ၊ သင်္ဘောဆေးသုတ်နည်းစနစ်များ၊ သံချေးတက်ပုံမှ ကာကွယ်သော ပစ္စည်းများ စသည်တို့ကို ဖော်ပြသွားပါမည်။

၁၄.၄.၁ Pre-treatment

               သင်္ဘောဆေး သုတ်ရာတွင် ကောင်းမွန်သော သင်္ဘောဆေးအဖြစ်ရရှိရန် အဓိက အချက်မှာ ဆေးသုတ်မည့် အောက်ခံ သတ္တုကို ကြိုတင် ပြင်ဆင်ခြင်း (Pre-treatment) ဖြစ်သည်။  သင်္ဘောဆေးကို ပတ်ဝန်းကျင်၏ အပူချိန်၊ ရေမှုန်ပါဝင်မှု့နှုန်း (humidity) ပြောင်းလဲမှု အလွန်မမြင့်ချိန်တွင် သင်္ဘောဆေးသုတ်သင့်သည်။  ထို့ကြောင့်ပင်လျှင် သင်္ဘောများသည် အလုံပိတ် သို့ ရာသီဥတုဓာတ်မှ ခံနိုင်ရည်ရှိသော နေရာများတွင် ပို၍ ပို၍ သင်္ဘောဆေး သုတ်လာကြခြင်းဖြစ်သည်။  ဆေးမသုတ်ခင် အောက်ခံသတ္တုကို ကြိုတင် ပြင်ဆင်ခြင်းသည် သင်္ဘောဆေး ကောင်းထွက်ရန်အတွက် အခြေခံကျသောလိုအပ်ချက် ဖြစ်သည်။  အခြေခံ သတ္တုကို ပိုမိုသန့်ရှင်းအောင် ပြင်ဆင်နိုင်လေလေ၊ သင်္ဘောဆေး ကောင်းကောင်းရနိုင်လေဖြစ်သည်။  သင်္ဘောဆေးသုတ်မည့် အောက်ခံ သတ္တုကို အောက်ပါ နည်းလမ်းများဖြင့် သန့်ရှင်းနိုင်သည်။
  • -       With hand tools
  • -       စက်ကို အသုံးပြု၍ သန့်ရှင်းခြင်း
  • -       ဓာတုနည်းအားဖြင့် သန့်ရှင်းခြင်း၊ အထူးသဖြင့် ချောဆီများကို ပြောင်အောင် သန့်စင်ရာတွင် အသုံးပြုသည်
  • -       အပူနည်းဖြင့် သန့်ရှင်းခြင်း
  • -       Grit blasting ဖြင့်သန့်ရှင်းခြင်း
  • -       ရေဖြင့် သန့်ရှင်းခြင်း (Water Jetting)



သင်္ဘောဆေး သုတ်ပုံမမှန်ကန်မှု့ကြောင့် သံချေးတက်သွားသော သံပြားကို မြင်ရစဉ်














ဂဟေဆော်ပြီးနောက် သန့်ရှင်မှု့ မလုံလောက်သောကြောင့် ဆေးသုတ်ပြီး နှစ်အတန်ကြာသောအခါ ဂဟေဆက်လိုင်းများတွင် သံချေးတက်နေသည်ကို မြင်ရပုံ












ဂဟေဆက်ရာတွင် ဖြစ်ပေါ်လာသော အပေါက်များ ချွတ်ယွင်းချက်များကို ထပ်မံ ဂဟေဆော် မပြုပြင်ဘဲ ဆေးသုတ်ပါက ဆေးသုတ်အပြီးတွင် မြင်ရပုံ












Hand Tools
            လူဖြင့် သန့်ရှင်းခြင်းဆိုသည်မှာ တူများ၊ သံချေးတက်နေရာများကို ခြစ်ထုတ်ရန် သံပြားများ၊ ကော်ပတ်များ နှင့် ၀ိုင်ရာ ဘရှက်ပ် များကို အသုံးပြု၍ သန့်ရှင်းခြင်းဖြစ်သည်။  အဆိုပါ ဆေးမသုတ်ခင်ကြိုတင်ပြင်ဆင်မှု့မှာ လူအင်အားသုံးရန်လိုအပ်ပြီး အရည်အသွေးမှာလည်း သိပ်မကောင်းလှပေ။  အဆိုပါ နည်းလမ်းကို အဓိကအားဖြင့် သင်္ဘောတွင်း ဆေးအလွှာ ပြုပြင်မှုများအတွက်သော်လည်းကောင်း တစ်ခါတစ်ရံ စက်သုံး ကော်ပတ် မော်တာများ စားထားပြီးသော ဂဟေလိုင်းများတွင် အချို့ လိုအပ်သော နေရာများတွင်သာ အသုံးပြုသည်။


လူအားဖြင့် သင်္ဘောဆေးသုတ်မည့် မျက်နှာပြင်ကို သန့်ရှင်းနေစဉ်





စက်ကို အသုံးပြု၍ သန့်ရှင်းခြင်း (Mechanical Cleaning)


Mecanical Cleaning ကို ဖြင့်သန့်ရှင်းခြင်းကို Mechanical scaling hammer ၊ rotating wire brush (လည်ပတ်နိုင်သောဝါယာ ဘရှက်ရှ်များ)၊ abrasive wheels (ကြမ်းတမ်းသော မျက်နှာပြင်ရှိသည့် ဘီးများ)၊ abrasive disc) ကြမ်းတမ်းသော မျက်နှာပြင်ရှိသည့် ချပ်ပြားဝိုင်းများ အစရှိသည်တို့ကို အသုံးပြု၍ သန့်ရှင်းနိုင်သည်။  သင်္ဘောပေါ်များတွင်မူ တူများကို အထိက အသုံးပြုကြသည်။  အဆိုပါ အသုံးပြုမှု့စနစ်များအားလုံးတွင် တူဖြင့်ထုကာ သန့်ရှင်းခြင်းသည် အကောင်းဆုံးဖြစ်သည်၊ သို့သော် ၄င်းသည် သန့်ရှင်းရာတွင် သိပ်တော့ မမြန်ပေ။  ဆေးသုတ်မည့် အောက်ခံမျက်နှာပြင် ကြမ်းတမ်းခြင်းသည် ဆေးသုတ်မည့် သုတ်ဆေးအတွက် ပိုမိုကောင်းမွန်သော အခြေခံကို ဖြစ်စေသည်။ 




A Revolving Brush (လည်ပတ်နေသော စက်သုံး ဘရှက်ရှ်)

          Grinder (ဂရိုင်ဒါ)များသည်လည်း တူများကဲ့သို့ပင် သန့်ရှင်းပေးနိုင်သည် သို့သော် ၄င်းတို့သည် မျက်နှာပြင်ကို ညီညာ ပြောင်လက်စေခြင်းပင်ဖြစ်သည်။  အကယ်၍ မျက်နှာပြင်သည် အလွန် ပြောင်လက်ချောမွေ့နေပါက ဆေးသုတ်သောအခါ သုတ်ဆေးနှင့် အောက်ခံမျက်နှာပြင်ကို ပေါင်းစပ်ရာတွင် အားနည်းစေသည်။  ထိုအချက်သည် သင်္ဘောဆေးများကို အချိန်မတိုင်ခင်မှာပင် ပျက်ပြယ် ပျက်စီး စေနိုင်သည်။  သန့်ရှင်းပြီးသော သင်္ဘောဆေး အဟောင်းများ ကို စနစ်တကျ သိမ်းစည်းပြီး စွန့်ပစ်ရမည်။ 


ဓာတုနည်းအားဖြင့် သန်ရှင်းခြင်း (chemical cleaning)


            ဓာတုနည်းအားဖြင့် သန့်ရှင်းခြင်းသည် သင်္ဘောဆေးအဟောင်များနှင့် ကပ်ညီနေသော အမှိုက်သရိုက်များကို ဖယ်ရှားခြင်းပင်ဖြစ်သည်။  သင်္ဘောပေါ်တွင်မူ ship-stripping compounds များကို အသုံးပြုသည်။  သင်္ဘောတည်ဆောက်ရာတွင်မူ အက်ဆစ်သို့မဟုတ် staining ကို အသုံးပြုသည်။  အထက်ပါ ၂ မျိုးစလုံးတွင် သန့်စင်ပြီးသော သတ္တုကို ရေဖြင့်ထပ်မံဆေးကြောရမည်ဖြစ်သည်။




Pages

Powered by Blogger.

Labels

Followers