ကာကွယ်ပေးသော အလွှာတစ်ခုသည် သံချေးတက်ခြင်းအဆင့်ကို တန်ပြန်ရွေ့သော်လည်းကောင်း၊ ရပ်တန့်စေရန်လည်းကောင်း၊ လျှော့ပါးစေရန်လည်းကောင်း ပြုလုပ်နိုင်သည်။ အောက်ဖော်ပြပါ နည်းများကို အသုံးပြုနိုင်သည်။
- ယာယီ ကာကွယ်ပေးနိုင်သော်အလွှာ ဥပမာ - ချောဆီနှင့် စက်ဆီကဲ့သို့သော အရာများ။ ဤနည်းလမ်းကို အများအားဖြင့် အင်ဂျင်၏ အစိတ်အပိုင်းများတွင် အသုံးပြုသည်။
- - အရောင်တင်ဆေး (enamel) သို့ အရည်စီမ် အလွှာ (enodised layer) စသည့် အင်အော်ဂန်းနစ် အပေါ်ယံအလွှာများကို အသုံးပြုခြင်း။
- - အော်ဂန်းနစ် အပေါ်ယံလွှာများဖြစ်သော အက်ပေါက်စီ (Epoxy) ဆေး (၂ ထပ်သုတ်ရန်လိုအပ်သည်) သို့မဟုတ် သမားရိုးကျ သင်္ဘောဆေး (၁ ထပ်သုတ်ရန်လိုအပ်သည်) စသည်တို့ကို အသုံးပြုခြင်း။ ပထမဆုံး သင်္ဘောဆေးကို ခံဆေး (Primer) အဖြစ်သုတ်ရန်လိုအပ်သည်။ ၄င်း ခံဆေးသည် သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။
- သင်္ဘောများသည် အများအားဖြင့် သင်္ဘောဆေးကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသော အလွှာအဖြစ် အသုံးပြုကြသည်။