Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၄.၃.၄ Comparing the two painting systems



    သမရိုးကျသင်္ဘောဆေးနှင့် ပေါင်းစပ်ဆေးများကို ရွေးချယ်ရာတွင် များပြားသော အချက်အလက်များပေါ် အခြေခံ၍ ဆုံးဖြတ်လေ့ရှိကြသည်။  ရုပ်ပိုင်းအားဖြင့်သော်လည်းကောင်း ၊ ဓာတုဗေဓ ဂုဏ်သတ္တိအားဖြင့်သော်လည်းကောင်း ပေါင်းစပ်သင်္ဘောဆေးများမှာ သမရိုးကျသင်္ဘောဆေးများထက် ပိုမို သာလွန်ကောင်းမွန်သည်။  သို့သော် မာကျောသောမျက်နှာပြင်၊ ဆေးရောင်တာရှည်ခံနိုင်ခြင်း ရေနှင့်ထိတွေ့ရာတွင် ပိုမိုခံနိုင်ရည်ရှိခြင်း နှင့် ပါဝင်သော ဓာတုဗေဒ ပစွည်းများမှာ သင်္ဘောလိုင်း များအတွက် တူညီသော အရေးကြီးသည့် အချက်အလက်များမဟုတ်နိုင်ပေ။
            အောက်ပါအချက်အလက်များသည်သာ သင်္ဘောဆေး ရွေးချယ်ခြင်းနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာ အချက်များဖြစ်သည်။
-       သင်္ဘောဆေး၏ ဈေးနှုန်း
  • -       အသုံးပြုမည့် သင်္ဘော၏ အမျိုးအစား
  • - သင်္ဘော ပင်လယ်ပြင်တွင် ခုတ်မောင်းနေစဉ် သို့မဟုတ် သင်္ဘော ဒေါက်တင်နေစဉ် အချိန်အတွင်း သင်္ဘောဆေးကို သင်္ဘောကုမဏီ သို့ (သင်္ဘောသားများမှ) ဆေးသုတ်မည် ဟုတ်မဟုတ်
  • -       သင်္ဘောဆေးသုတ်ခင် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များ၏ ဈေးနှုန်း အစရှိသည်တို့ ဖြစ်သည်။


နောက်ဆုံးအချက်မှာ
  • -       သင်္ဘောသားဦးရေ
  • -  မည်သည့်အရပ်သို့ သင်္ဘော ခုတ်မောင်းမည် :  ဥပမာ သမပိုင်းဒေသများသို့ သွားလာပါက သင်္ဘောသားများသည် သင်္ဘောဆေးနှင့် ပတ်သတ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်နိုင်သည်

အကယ်၍ အာတိတ်ရပ်ဝန်းဒေသများသို့ သွားလာသော သင်္ဘောဖြစ်ပါက အဆိုပါ ဒေသတွင် သင်္ဘောဆေးကို ပြုပြင်ထိန်းသိမ်းရန် မဖြစ်နိုင်ဘဲ သင်္ဘောဒေါက်တင်ချိန်တွင်သာ ပြုပြင်ထိန်းသိမ်းနိုင်သည်။

အကယ်၍ သင်္ဘောသားများ သင်္ဘောဆေးကို အသုံးပြုပါက အောက်ပါအချက်အလက်များသည် အရေးကြီးသော အချက်အလက်များဖြစ်သည်။
-       သမရိုးကျသင်္ဘောဆေးများမှာ ပေါင်းစပ်သင်္ဘောဆေးများထက် အသုံးပြုရန်ပိုမို လွယ်ကူသည်
-       ဆေးတစ်မျိုးသာ ပါဝင်သော သင်္ဘောဆေးသည် ၂ မျိုးစပ်၍ အသုံးပြုရသော သင်္ဘောဆေးထက် အသုံးပြုရန် ပိုမိုလွယ်ကူသည်။

Pages

Powered by Blogger.

Followers