သတ္တုဗေဒ အဆိုအရ သံမဏိကို သံစိမ်းမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဧရာမ မီးဖိုကြီးများကို အသုံးပြုကာ အောက်ဆီဂျင် နှင့် ကာဘွန်ကို သံစိမ်းမှ ဖယ်ထုတ်သည်။ သတ္တုတော်တော်များများကိုလည်း အဆိုပါ မီးဖိုကြီးများ အသုံးပြုကာ အောက်ဆီဂျင်နှင့် အခြားသော ပေါင်းစပ် သတ္တုများကို ဖယ်ထုတ်ခြင်းဖြင့် ရရှိသည်။ သံချေးတက်ခြင်းဆိုသည်မှာ အဆိုပါအဆင့်နှင့် ပြောင်းပြန်ဖြစ်သည်။ သတ္တုသည် အောက်ဆီဂျင်နှင့် သော်လည်းကောင်း တစ်ခါတစ်ရံ အခြားသော ပေါင်းစပ်အရာများနှင့် သော်လည်းကောင်း ပြန်လည်ပေါင်းစပ် ဓာတ်ပြုသွားခြင်းဖြစ်သည်။ များသောအားဖြင့် အဆိုပါသံချေးတက်သောအခါ သိပ်သည်းသော အောက်ဆိုဒ် အလွှာ တစ်ခု ဖြစ်ပေါ်လာပြီး ၄င်း၏ အောက်တွင်ရှိသော သတ္တုကို ကာကွယ်ပေးသည်။ သံများမူ အဆိုပါအောက်ဆိုဒ်သည် ရေနှင့် ထိတွေ့သောအခါ ဖယ်ရိုဟိုက်ဒရောဆိုဒ် (Ferrohydroxide) အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲသွားခြင်းကြောင့် အောက်တွင်ရှိသော သတ္တုသည် သံချေးတက်ခြင်းမှ အကာအကွယ် မရတော့ပေ။
အကယ်၍ ပင်လယ်ရှိ သက်ရှိအကောင်များ သည် သတ္တုပေါ်သို့ ကပ်ညှိပါက သံချေးတက်ခြင်းကို ပိုမိုလျှင်မြန်စေသည်။ သင်္ဘောဝမ်းတွင် ပင်လယ် သက်ရှိအကောင်ငယ်များ ကပ်ညိပါက သင်္ဘော၏ resistance ကို တိုးလာစေသည်၊ ထိုပြင် အဆိုပါအကောင်ငယ်များသည် သင်္ဘော၏ ပိုက်များ၊ အိတ်ဇော စနစ်များ သို့ ကပ်ညှိပါကလည်း ပိုက်များကို ပိတ်ဆို့စေသည်။
ကျန်သော အခန်းတွင် သံချေးတက်ခြင်းအကြောင်းကို အကျယ်အားဖြင့် ဖော်ပြပေးသွားပါမည်။ အဘယ်ကြောင့်ဆိုသော် သံမဏိသည် သံချေးတက်လွယ်သောကြောင့် ဖြစ်သည်။
Corrosion in ballast tank of a tanker
Corrosion in a ballast tank of a tanker
သင်္ဘောကို သံချေးတက်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အချက်များကို တစ်ခုခြင်းသော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း အသုံးပြုရမည်
- - ကာကွယ်ပေးနိုင်သော အလွှာကို သုံးခြင်း (ဆေးသုတ်ခြင်း)
- - Cathode ဖြင့် ကာကွယ်ခြင်း၊ အဆိုပါ အသုံးပြုခြင်းတွင် လျှပ်စစ်အား (impressed current) ကိုအသုံးပြုခြင်းနှင့် တိုက်စားခံ Andoe ဖြင့်ကာကွယ်ခြင်း (secrifical andoes) ဟူ၍ ၂ မျိုးရှိသည်။
- - လျှပ်စစ် ဓာတ်ပြုမှု့နည်းစေရန် အခြားသော အစားထိုး သတ္တုများကို အသုံးပြုခြင်း စသည် တို့ဖြင့် ကာကွယ်နိုင်သည်။