Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၄.၁.၃ Aluminium and its alloys


       အလူမီနီယမ်သည် အလွန်ပျော့သော သတ္တုဖြစ်သည်၊ သို့သော် အခြားသော မှန်ကန်သည့် ပေါင်းစပ်သတ္တုများကို ရောစပ်ခြင်းဖြင့် ပိုမို တောင့်တင်းပြီး ပိုမို မာသော သတ္တု အဖြစ် ရရှိလာသည်။  အလူမီနီယမ်သည် သံလိုက်မှု့ (non-magnetic) မရှိသော သတ္တုဖြစ်ပြီး၊ မိုင်းရှာသင်္ဘောများတည်ဆောက်ရန်အတွက် အသုံးဝင်သည်။  အလူမီနီယမ်မှာ သဘာဝအားဖြင့် တည်ငြိမ်သော (Nobel) သတ္တု မဟုတ်သော်လည်း အတန်အသင့် ချေးတက်(Corrosion) မှ ခံနိုင်ရည်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၄င်း၏ အပေါ်ယံလွှာသည် သိပ်သည်းသော အောက်ဆိုဒ်အလွှာဖြစ်ပြီး ၄င်းသည် ချေးတက်ခြင်းမှ ကာကွယ်ပေးသည်။  သို့သော် အကယ်၍ ဓာတုပစ္စည်း သို့မဟုတ် လျှပ်စစ်ကြောင့် အဆိုပါ အောက်ဆိုဒ် အလွှာပျက်ပျယ်သွားပါက အလျှင်အမြန် ချေးတက်နိုင်သည်။

            အလူမီနီယမ်ကို အသုံးပြုခြင်း၏ အဓိက ကောင်းကျိုးမှာ ပေါ့ပါးခြင်းဖြစ်သည်။  သို့သော် အလူမီနီယမ်သည် သံမဏိထက် ပိုမို ပျော့ပြောင်းသောကြောင့် တည်ဆောက်ရာတွင် ပိုမို ခက်ခဲသည်။  အပေါက်ဖောက်ပါက အလွယ်အကူ ညိနိုင်သည်။ ထိုပြင် မျက်နှာပြင်ညီညာမှုရရန် ပိုမိုခက်ခဲသည်။  မျက်နှာပြင်ညီညာစေရန် အသုံးပြုသော ကျောက်မှာလည်း (Grindstone) ခဏအတွင်း အလူမီနီယမ် အမှုန်များဖြင့် စေးကပ်ပြီးသွားနိုင်သည်။  ထိုပြင် အလူမီနီယမ်ကို ပုံမှန် ဂဟေဆက် ပစွည်းများဖြင့် အသုံးပြုရန် မလွယ်ကူပေ။  အလူမီနီယမ်ကို ခရီသယ်တင်သင်္ဘောများ၏ အထက်ပိုင်း အထပ်များအတွက်သော်လည်းကောင်း၊ မိုင်းရှာသင်္ဘောများတွင် လည်းကောင်း၊ ဇိမ်ခံ ရွက်လှေများအတွက်သော်လည်းကောင်း၊ အသက်ကယ်လှေများအတွက်သော်လည်းကောင်း၊ မြန်နှုန်းမြင့် အပေါ့စား မော်တာ သင်္ဘောများအတွက်သော်လည်းကောင်း၊ အချို့သော ပေါ့ပါးရန်လိုအပ်ပြီး သံလိုက်မှုမရှိရန်လိုအပ်သော ဥပမာ ငါးဖမ်းသင်္ဘောများ၏ စလင်ခန်း (Wheelhosue) အတွက်သော်လည်းကောင်း၊ ကြီးမားသောသင်္ဘောများ၏ သံလိုက်အိမ်မြှောင်ထားရှိရာ ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း အသုံးပြုသည်။


Pages

Powered by Blogger.

Followers