Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၄.၄.၁ Pre-treatment


               သင်္ဘောဆေး သုတ်ရာတွင် ကောင်းမွန်သော သင်္ဘောဆေးအဖြစ်ရရှိရန် အဓိက အချက်မှာ ဆေးသုတ်မည့် အောက်ခံ သတ္တုကို ကြိုတင် ပြင်ဆင်ခြင်း (Pre-treatment) ဖြစ်သည်။  သင်္ဘောဆေးကို ပတ်ဝန်းကျင်၏ အပူချိန်၊ ရေမှုန်ပါဝင်မှု့နှုန်း (humidity) ပြောင်းလဲမှု အလွန်မမြင့်ချိန်တွင် သင်္ဘောဆေးသုတ်သင့်သည်။  ထို့ကြောင့်ပင်လျှင် သင်္ဘောများသည် အလုံပိတ် သို့ ရာသီဥတုဓာတ်မှ ခံနိုင်ရည်ရှိသော နေရာများတွင် ပို၍ ပို၍ သင်္ဘောဆေး သုတ်လာကြခြင်းဖြစ်သည်။  ဆေးမသုတ်ခင် အောက်ခံသတ္တုကို ကြိုတင် ပြင်ဆင်ခြင်းသည် သင်္ဘောဆေး ကောင်းထွက်ရန်အတွက် အခြေခံကျသောလိုအပ်ချက် ဖြစ်သည်။  အခြေခံ သတ္တုကို ပိုမိုသန့်ရှင်းအောင် ပြင်ဆင်နိုင်လေလေ၊ သင်္ဘောဆေး ကောင်းကောင်းရနိုင်လေဖြစ်သည်။  သင်္ဘောဆေးသုတ်မည့် အောက်ခံ သတ္တုကို အောက်ပါ နည်းလမ်းများဖြင့် သန့်ရှင်းနိုင်သည်။
  • -       With hand tools
  • -       စက်ကို အသုံးပြု၍ သန့်ရှင်းခြင်း
  • -       ဓာတုနည်းအားဖြင့် သန့်ရှင်းခြင်း၊ အထူးသဖြင့် ချောဆီများကို ပြောင်အောင် သန့်စင်ရာတွင် အသုံးပြုသည်
  • -       အပူနည်းဖြင့် သန့်ရှင်းခြင်း
  • -       Grit blasting ဖြင့်သန့်ရှင်းခြင်း
  • -       ရေဖြင့် သန့်ရှင်းခြင်း (Water Jetting)



သင်္ဘောဆေး သုတ်ပုံမမှန်ကန်မှု့ကြောင့် သံချေးတက်သွားသော သံပြားကို မြင်ရစဉ်














ဂဟေဆော်ပြီးနောက် သန့်ရှင်မှု့ မလုံလောက်သောကြောင့် ဆေးသုတ်ပြီး နှစ်အတန်ကြာသောအခါ ဂဟေဆက်လိုင်းများတွင် သံချေးတက်နေသည်ကို မြင်ရပုံ












ဂဟေဆက်ရာတွင် ဖြစ်ပေါ်လာသော အပေါက်များ ချွတ်ယွင်းချက်များကို ထပ်မံ ဂဟေဆော် မပြုပြင်ဘဲ ဆေးသုတ်ပါက ဆေးသုတ်အပြီးတွင် မြင်ရပုံ












Hand Tools
            လူဖြင့် သန့်ရှင်းခြင်းဆိုသည်မှာ တူများ၊ သံချေးတက်နေရာများကို ခြစ်ထုတ်ရန် သံပြားများ၊ ကော်ပတ်များ နှင့် ၀ိုင်ရာ ဘရှက်ပ် များကို အသုံးပြု၍ သန့်ရှင်းခြင်းဖြစ်သည်။  အဆိုပါ ဆေးမသုတ်ခင်ကြိုတင်ပြင်ဆင်မှု့မှာ လူအင်အားသုံးရန်လိုအပ်ပြီး အရည်အသွေးမှာလည်း သိပ်မကောင်းလှပေ။  အဆိုပါ နည်းလမ်းကို အဓိကအားဖြင့် သင်္ဘောတွင်း ဆေးအလွှာ ပြုပြင်မှုများအတွက်သော်လည်းကောင်း တစ်ခါတစ်ရံ စက်သုံး ကော်ပတ် မော်တာများ စားထားပြီးသော ဂဟေလိုင်းများတွင် အချို့ လိုအပ်သော နေရာများတွင်သာ အသုံးပြုသည်။


လူအားဖြင့် သင်္ဘောဆေးသုတ်မည့် မျက်နှာပြင်ကို သန့်ရှင်းနေစဉ်





စက်ကို အသုံးပြု၍ သန့်ရှင်းခြင်း (Mechanical Cleaning)


Mecanical Cleaning ကို ဖြင့်သန့်ရှင်းခြင်းကို Mechanical scaling hammer ၊ rotating wire brush (လည်ပတ်နိုင်သောဝါယာ ဘရှက်ရှ်များ)၊ abrasive wheels (ကြမ်းတမ်းသော မျက်နှာပြင်ရှိသည့် ဘီးများ)၊ abrasive disc) ကြမ်းတမ်းသော မျက်နှာပြင်ရှိသည့် ချပ်ပြားဝိုင်းများ အစရှိသည်တို့ကို အသုံးပြု၍ သန့်ရှင်းနိုင်သည်။  သင်္ဘောပေါ်များတွင်မူ တူများကို အထိက အသုံးပြုကြသည်။  အဆိုပါ အသုံးပြုမှု့စနစ်များအားလုံးတွင် တူဖြင့်ထုကာ သန့်ရှင်းခြင်းသည် အကောင်းဆုံးဖြစ်သည်၊ သို့သော် ၄င်းသည် သန့်ရှင်းရာတွင် သိပ်တော့ မမြန်ပေ။  ဆေးသုတ်မည့် အောက်ခံမျက်နှာပြင် ကြမ်းတမ်းခြင်းသည် ဆေးသုတ်မည့် သုတ်ဆေးအတွက် ပိုမိုကောင်းမွန်သော အခြေခံကို ဖြစ်စေသည်။ 




A Revolving Brush (လည်ပတ်နေသော စက်သုံး ဘရှက်ရှ်)

          Grinder (ဂရိုင်ဒါ)များသည်လည်း တူများကဲ့သို့ပင် သန့်ရှင်းပေးနိုင်သည် သို့သော် ၄င်းတို့သည် မျက်နှာပြင်ကို ညီညာ ပြောင်လက်စေခြင်းပင်ဖြစ်သည်။  အကယ်၍ မျက်နှာပြင်သည် အလွန် ပြောင်လက်ချောမွေ့နေပါက ဆေးသုတ်သောအခါ သုတ်ဆေးနှင့် အောက်ခံမျက်နှာပြင်ကို ပေါင်းစပ်ရာတွင် အားနည်းစေသည်။  ထိုအချက်သည် သင်္ဘောဆေးများကို အချိန်မတိုင်ခင်မှာပင် ပျက်ပြယ် ပျက်စီး စေနိုင်သည်။  သန့်ရှင်းပြီးသော သင်္ဘောဆေး အဟောင်းများ ကို စနစ်တကျ သိမ်းစည်းပြီး စွန့်ပစ်ရမည်။ 


ဓာတုနည်းအားဖြင့် သန်ရှင်းခြင်း (chemical cleaning)


            ဓာတုနည်းအားဖြင့် သန့်ရှင်းခြင်းသည် သင်္ဘောဆေးအဟောင်များနှင့် ကပ်ညီနေသော အမှိုက်သရိုက်များကို ဖယ်ရှားခြင်းပင်ဖြစ်သည်။  သင်္ဘောပေါ်တွင်မူ ship-stripping compounds များကို အသုံးပြုသည်။  သင်္ဘောတည်ဆောက်ရာတွင်မူ အက်ဆစ်သို့မဟုတ် staining ကို အသုံးပြုသည်။  အထက်ပါ ၂ မျိုးစလုံးတွင် သန့်စင်ပြီးသော သတ္တုကို ရေဖြင့်ထပ်မံဆေးကြောရမည်ဖြစ်သည်။




Pages

Powered by Blogger.

Followers