ဆေးမသုတ်ခင်တွင် အောက်ပါ အချက်အလက်များကို ဂရုစိုက်ရမည်
- ၁. ဆေးသုတ်မည့်မျက်နှာပြင်သည် ရေငွေ့များ (moisture)၊ ဖုန်များ နှင့် ဆီချေးများ ကင်းစင်စေရန်
- ၂. ဆေးသုတ်မည့် မျက်နှာပြင်ပေါ်တွင် ရေငွေ့ပျံခြင်း သို့ ငွေ့ရည်ဖွဲ့ခြင်း (Condensation) မရှိစေရန်နှင့် ငွေ့ရည်ဖွဲ့နိုင်သော အခြေအနေတွင် ဆေးမသုတ်ရန်
- ၃. ဆေးသုတ်မည့် ၀န်းကျင်ရှိ အပူချိန်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ထက်မကျော်စေရန်နှင့် သင်္ဘောဆေးအမျိုးအစားပေါ် မူတည်၍ သတ်မှတ်ထားသော အပူချိန်အောက်မရောက်စေရန် ဂရုစိုက်ရမည်။ အချို့သော သင်္ဘောဆေးများသည် -၅ ဒီဂရီစင်တီဂရိတ်ထိ ပတ်ဝန်းကျင်၏ အပူချိန် ကျဆင်းသည့်တိုင် အသုံးပြုနိုင်သည်။
- ၄. သင်္ဘောဆေး ရောစပ်ရာတွင်လည်း မှန်ကန်သော အချိုးအစားရောစပ်ရန်အရေးကြီးသည်။ အထူးသဖြင့် Binary Paint များကို ရောစပ်ရာတွင် မှန်ကန်သော အချိုးအစားရောစပ်ရန် အလွန်အရေးကြီးသည်။
- ၅. ရောစပ်ပြီးသော သင်္ဘောဆေးများကို Blender ဖြင့် သေချာစွာ သမအောင် မွှေရမည်။
- ၆. သင်္ဘောဆေးသုတ်ရာတွင်လည်း Spray ခေါ် ဖြန်းပက်ခြင်း၊ Roller ဖြင့် သုတ်ခြင်း၊ Brush ခေါ် စုတ်တံဖြင့်သုတ်ခြင်း စသည် ဆေးသုတ်မည့်သည့်ပစ္စည်းအမျိုးအစားများကို ဆေးသုတ်လိုသည့်နေရာပေါ်မူတည်၍ မှန်ကန်စွာ ရွေးချယ်ရန် အရေးကြီးသည်။ ပုံမှန်အားဖြင့် Spray Painting ကို ကျယ်ပြန့်သော နေရာများအတွက် အသုံးပြုသည်။

Spray စနစ်ဖြင့် သင်္ဘောဆေးသုတ်နေစဉ်
Spray ဖျန်းရာတွင် သင်္ဘောဆေး ထူထဲမှု့ကြောင့် ဆေးများ အိကျနေသည်ကို တွေ့မြင်ရပုံ