၁၈၀၀ ပြည့် အစောပိုင်းကာလများတွင် သင်္ဘောများကို သစ်သားနှင့်တည်ဆောက်ရာမှ အခြားသော ပစွည်းများနှင့် ရောစပ်တည်ထွင်ပြီး တည်ဆောက်လာခဲ့ကြသည်။ သစ်သားကို သံဖရိန် (Steel frames) များနှင့် ရောစပ်တည်ဆောက်ရာမှ နောက်ပိုင်းတွင် ၁၀၀% သံထည်များကို အသုံးပြုလာခဲ့ကြသည်။ ရောစပ်တည်ဆောက်ခြင်း (Composite Building) သည် သံဖရိန်များကို အသုံးပြုပြီး ကုန်းပတ်နှင့် သင်္ဘောဝမ်းများကို သစ်သားကပ်၍ တည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါသဘောင်္များကို အလျှား ၉၀ မီတာအထိ ရှည်အောင် တည်ဆောက်ခဲ့ကြသည်။ ၁၈၃၀ တွင် တည်ဆောက်သော “Birth” အမည်ရှိ သင်္ဘောမှာ ရေနွေးငွေ့စွမ်းအားသုံး မြန်နှုန်းမြင့်သင်္ဘောဖြစ်ပြီး သံထည်သက်သက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သံထည်များကို အသုံးပြုပြီးတည်ဆောက်ခြင်းအတွက် အရေးပါသော မှတ်တိုင်တစ်ခုမှာ “Great Easten” အမည်ရှိသင်္ဘောဖြစ်သည်။ အဆိုပါသင်္ဘောကို ၁၈၅၃ ခုနှစ်တွင်စတင်တည်ဆောက်ပြီး ၁၈၅၈ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။ အဆိုပါသင်္ဘောသည် အလျှား ၂၀၀ မီတာ၊ အနံ ၂၅ မီတာ နှင့် အနက် ၁၇ မီတာရှိသည်။ အဆိုပါသင်္ဘောသည် ထိုစဉ်အချိန်က အကြီးဆုံး သံထည်သင်္ဘော ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် သံထည်တည်ဆောက်မှု့ အဆင့်ဆင့်ကို ပိုမိုကောင်းမွန်အောင်တည်ထွင်ကြံဆ လုပ်ကိုင်လာခဲသည်မှာ တဖြည်းဖြည်းနှင့် ယနေ့ခေတ်အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယနေ့အချိန်တွင်လည်း သံမဏိသည် သင်္ဘောတည်ဆောက်ခြင်းအတွက် လူကြိုက်အများဆုံး သတ္တုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်
- - နည်းပညာပိုင်းဆိုင်ရာ၌ လည်းကောင်း၊ စီးပွားရေး ရှုဒေါင့်အားဖြင့်လည်းကောင်း အားသာချက်များရှိခြင်း
- - သံ၏ ခံနိုင်ရည်အား (Strength)
- - ဂဟေ (Welding)ဆော်ရန် အတွက် သင့်လျှော်သော သတ္တုဖြစ်ခြင်း
- - ကျိုးပဲ့မှု့မှ ခံနိုင်ရည်ရှိခြင်း (adequate resistance to brittle fracture)
- - ဈေးနှုန်းသက်သာခြင်း နှင့် အလွယ်တကူရရှိနိုင်ခြင်း
စသော အချက်များကြောင့်ပင် သံကို သင်္ဘောတည်ဆောက်မှု့အတွက် လူကြိုက်များရခြင်း ဖြစ်သည်။
သံမဏိထုတ်လုပ်ပုံ အဆင့်ဆင့် (Steel-making process)

သင်္ဘောတည်ဆောက်ရတွင် ၄င်း၊ အခြားသော အဆောက်အဦးများ တည်ဆောက်ရာတွင် လည်းကောင်း သံမဏိကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။
က၊ သံပြာများ၏ အမျိုးအစားနှင့် ခံနိုင်ရည်အား (Plate materials and Profiles)
- ပုံသွင်းရန် မလွယ်ကူသော သံမဏိ (Mild Steel(MS))
၎င်း၏ ခံနိုင်ရည်အား (Yield Strength) မှာ 235 N/mm2 ဖြစ်သည်
- ပိုမိုတောင့်တင်းသော သံမဏိ (Higher Strength Steel (HS))
၎င်း၏ ခံနိုင်ရည်အားမှာ 265-390 N/mm2 ဖြစ်သည်။
- အလွန်တောင့်တင်းသော သံမဏိ (Extra High Strength Steel (EHS))
၎င်း၏ ခံနိုင်ရည်အားမှာ 420-690 N/mm2 ဖြစ်သည်။
Yield Strength ဆိုသည်မှာ သံထည်တစ်ခု၏ အများဆုံး ဖိနှိပ်သည့်(Stress) အခြေအနေတွင် ပုံစံပျက်သွားခြင်း (Plastic Deformation) မရှိမှု့ကို ဆိုလိုသည်။ ဒီဇိုင်းရေးဆွဲသူများသည် ၄င်းတို့ရေးဆွဲသော ဒီဇိုင်းတွင် သံထည်၏ ခံနိုင်ရည်အားကိုပါ ထည့်သွင်းဖော်ပြလေ့ ရှိကြသည်။
ခ၊ သံများကို ဖိနှိပ်ခြင်း (Steel Forging)


ဖိနှိပ်ထားပြီးသောသံများကို ဥပမာအားဖြင့် အင်ဂျင်၏ ၀န်ရိုးများ (Crankshafts)၊ ပန်ကာဝန်ရိုးများ (Propeller Shafts), ပဲ့တိုင်စဉ်များ (Rudder Stocks)၊ အင်ဂျင် အစိတ်အပိုင်းများ (Engine Compnents) ပစ်စတင် ချောင်း (Pistion Rods) နှင့် ပစ်စတင်အဆက် ချောင်း (Cross-Head) အစရှိသည် တို့တွင် တွေ့မြင်နိုင်သည်။
ဂ၊ သံထည်သွန်းလောင်းခြင်း (Casting)
သံထည်သွန်းလောင်းခြင်းကို ရှုပ်ထွေးသော သံထည်တည်ဆောက်မှု့များ ဥပမာ သင်္ဘောဦးပိုင်း ဖရိမ်များ (Stern Frames)၊ ရှုပ်ထွေးသော ပဲ့အစိတ်အပိုင်းများ (Complex Rudder components)၊ ကျောက်ဆူး (Anchors) နှင့် ရေစုပ်စက် ကိုယ်ထည်အစိတ်အပိုင်း (Pump casing) အစရှိသည်တို့တွင် တွေ့မြင်နိုင်သည်။
Cast Steel Rudder Horn
Stainless Steel (စတိန်းလက်စ် သံမဏိ)
စတန်းလက်စ် သံမဏိဆိုသည်မှာ သံနှင့် ခရိုမီယမ် (Crome)၊ နီကယ်(Nickel) အစရှိသည်တို့ ရောစပ်ထားသော သတ္တုဖြစ်သည်။ တစ်ခါတစ်ရံ အခြားသော ရောစပ် သတ္တုများလည်း ပါဝင်နိုင်သည်။ သံမဏိ၏ မျက်နှာပြင်သည် သံချေးမတက်နိုင်သော (neutralization) အလွှာဖြစ်သည်။ အခြားသော သတ္တုများတွင်မူ မျက်နှာပြင်သည် အောက်ဆီဂျင်နှင့်ထိတွေ့ပြီး သံချေးတက်နိုင်သည်။ အဆိုပါ ဂုဏ်သတ္တိသည် သံမဏိကို သံချေးတက်ခြင်း(corrosion) မှ ကာကွယ်ပေးသည်။ သံမဏိသည် အခြားသော သံများထက် ပိုမို သာလွန်သော (noble) အရေးအသွေးရှိပြီး သံချေးတက်ခြင်း နည်းပါးသည်။