Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၆.၁ Introduction


             သင်္ဘောတစ်စီးဟာ လေးလံသော သံကဲ့သို့ သတ္တုနှင့် တည်ဆောက်ထားသော်လည်း ဘာဖြစ်လို့ ရေပေါ်မှာ ပေါ်နိုင်ပါသလဲ?  အကြောင်းအရင်းမှာ သင်္ဘောကို အောက်ဘက်သို့ ဆွဲငင်သော မြေထုဆွဲငင်အား (Gravitational force) နှင့် ရေမှ သင်္ဘောကို အပေါ်သို့ ပြန်လည်ပင့်တင်ပေးသော ဖိအား(upward water pressure) ညီညွှတ်မျှတနေမှု့ကြောင့်ဖြစ်သည်။  သို့သော် ထိုအခြေအနေတွင် သင်္ဘော၏၀မ်းသည် ရေလုံနေရန်လိုအပ်သည်။  အကယ် ၍ သင်္ဘော၏ အလေးချိန်သည် ပိုမိုများပြားလာပြီး ရေထုမှ သင်္ဘောကို ပြန်လည် ပင်တင်ပေးနိုင်သော ဖိအားထက် ပိုမိုလာပါက အဆိုပါသင်္ဘောသည် နစ်မြုပ်သွားမည် ဖြစ်သည်။ 



         အဆိုပါ ၀ိသေသမှာ Archimedes’ Law or Archimedes’ Principle ဖြစ်သည်။  အာခိမိဒီ၏ စည်းမျဉ်းဆိုသည်မှာ အရည်တစ်ခု၏ ဖယ်ရှားခြင်းခံရသော(displaced) အလေးချိန်သည် အဆိုပါ ဖယ်ရှားခြင်းခံရသည့် အရည်၏ ထုထည်နှင့် တိုက်ရိုက်အချိုးကျသည်။(အကယ်၍သာ ပတ်ဝန်းကျင်ရှိ အရည်များ၏ သိပ်သည်းဆ တူညီပါက)။ 
          ဆိုလိုသည်မှာ သင်သည် ရေစိမ့်မ၀င်နိုင်သော အလျှား၊ အနံ၊ အမြင့် ၁မီတာစီ ရှိသော ၂တန် လေးသည့် သစ်သားတုံးကို ရေထဲချကြည့်သည်ဆိုပါဆို့။  အဆိုပါသစ်သားတုံးသည် ရေထဲသို့ လုံးဝနစ်မြုတ်နေသည် အခြေအနေကို စဉ်းစားကြည့်ကြပါစို့။  အဆိုပါသစ်သားတုံးကို ကြိုးတစ်ချောင်းနှင့် အပေါ်မှ သင်သည် ထိန်းထားသည်ဆိုပါစို့။  အဆိုပါသစ်သားတုံး၏ ထုထည်သည် ၁ ကုဗ မီတာရှိမည်ဖြစ်သည်။  အဆိုပါထုထည်ကို ရေချို၏ သိပ်သည်းဆ (1 Ton/m3) နှင့် မြှောက်လိုက်ပါက ထိုသစ်သားတုံး၏ Displacement =   L x B x D x ρ = 1 Ton ကိုရရှိမည်ဖြစ်သည်။ 
            အဆိုပါ ၁ တန် သည် ရေမှ သစ်သားကို ပြန်လည် ပင့်တင်ပေးထားသောအားဖြစ်ပြီး သင်ဆွဲကိုင်ထားသော ကြိုးမှ တင်းအားသည် ၁ တန်သာ ရှိတော့မည်ဖြစ်သည်။  ၄င်းသည် ရေ၏ ပင့်တင်အား Buoyant force ဖြစ်သည်။
 ထိုနည်းတူစွာ ရေမှ သင်္ဘောကို ပြန်လည်ပင့်တင်ပေးသော တွန်းအား (Upward force)၏ ပမာဏသည် သင်္ဘော၏ ရေတွင်နစ်မြုပ်နေသော ထုထည် (Volume) အပေါ်မူတည်သည်။  ထိုပင့်တင်အားကို ဖြစ်ပေါ်စေသော Displacement သည် buoyancy ဖြစ်သည်။  သင်္ဘောတစ်စီး၏ Displacement ကိုများသောအားဖြင့် Metric Tonnes (တစ်ခါတစ်ရံ Long Tonnes) ဖြင့် ဖော်ပြသည်။  အကယ်၍ သင်္ဘောတစ်စီးသည် ၄င်း၏ ရေစူးအထက်တွင် အပို buoyancy မရှိပါက ၄င်းရေစူးထက် အနည်းငယ်ပို ၍ ကုန်တင်လိုက်ပါက ထိုသင်္ဘောနစ်မြုတ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သင်္ဘောများတွင် လုံလောက်သော Buoyance ရှိရန် အလွန်အရေးကြီးသည်။  အဆိုပါ အပိုပါ buoyance ကို ရေစူးအထက်ရှိ သင်္ဘော၏ အင်ဂျင်ခန်း၊ လူနေခန်းများ၊ အခြားသော အခန်းများဖွဲ့စည်းခြင်းဖြင့်ရရှိနိုင်သည်။  သို့သော် အဆိုပါအခန်းများအားလုံးသည် ရေလုံခန်းများဖြစ်ရန်လိုအပ်သကဲ့သို့ ရေလုံတံခါးများ တပ်ဆင်ထားပါကလည်း အဆိုပါ ရေလုံတံခါးများ(Water tight doors)များသည် ကောင်းစွာ အဖွင့်အပိတ်လုပ်နိုင်ရန်၊ ရေလုံရန် အထူးလိုအပ်သည်။

Pages

Powered by Blogger.

Followers