ကြေးဝါ (Brass)
ကြေးညို (Bronze)

သင်္ဘောပန်ကာအတွက် အသုံးပြုသော သတ္တုများ (Materials for propellers)
ယနေ့အချိန်တွင် သင်္ဘောပန်ကာ ထုတ်လုပ်သော ကုမ္ပဏီတိုင်းတွင် ၄င်းတို့ကိုယ်ပိုင် ရောစပ်သတ္တုများ ကို အမျိုးမျိုးသော သင်္ဘောပန်ကာများအတွက် အသုံးပြုလာကြပြီဖြစ်သည်။ များသောအားဖြင့် အဆိုပါ ရောစပ်တ္တုများသည် ကြေးညိုနှင့် ဆင်တူသော်လည်း ပိုမိုရှုပ်ထွေးသော ပေါင်းစပ် သတ္တုများ ပါဝင်သည်။ များစွာသော သင်္ဘောပန်ကာသုံး သတ္တုများသည် သံပါဝင်မှု့အလွန်နည်းပါးသည် (သံဓာတ် မပါဝင်သော ပေါင်းစပ် သတ္တု ဖြစ်သည်) ။ ထို့ကြောင့် သံမဏိထက် ပိုမို တည်ငြိမ် (nobel) ပြီး သံမဏိထက် ပိုမို သံချေးတက်ခြင်းမှ ခံနိုင်ရည်ရှိသည်။ သို့သော် ချွင်းချက်အဖြစ် အချို့သင်္ဘောပန်ကာများမှာမူ သံမဏိကို သုံးတတ်ကြသည်။ ယနေ့ခေတ် အမာဆုံးသော ပေါင်းစပ်သတ္တုမှာ ကော်ပါး-နီကယ်-အလူမီနီယမ် ပေါင်းစပ် သတ္တုဖြစ်သည်။
အပူလဲလှယ်းကိရိယာများ(Heat exchangers) တွင်အသုံးပြုသော သတ္တုများ
Materials for heat exchangers
အပူလဲလှယ် ကိရိယာ၏ အခွံ၊ ပိုက်များ နှင့် ပိုက်ပြေးသော အပြားများ အားလုံးနီးပါးကို ကြေးနီသတ္တုဖြင့်ု ပြုလုပ်လေ့ရှိကြပြီး ၄င်းသတ္တုမှာ သံဓာတ်မပါဝင်သော သတ္တုဖြစ်သည်။ အပြားပုံစံ အပူလဲလှယ်ကိရိယာ (Plate Heat Exchanger) တွင်မူ အပူလှယ် အပြားများကို သံမဏိ သို့ တိုက်တေနီယမ် သတ္တုဖြင့်သာ ပြုလုပ်ကြသည်။ အထက်ပါအချက်များတွင် ပေါင်းစပ်သတ္တုကို အသုံးပြုခြင်းသည် သံကို အသုံးပြုခြင်းထက် ပိုမိုပြီး သံချေးတက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ အပူလဲလှယ် ကိရိယာများကို သင်္ဘော၏ ပိုက်စနစ် များတွင် တွေ့နိုင်ပြီး၊ Sea-Chest များတွင် လည်းတွေ့မြင်နိုင်သည်။ Sea-chest ဆိုသည်မှာ သင်္ဘော၏ ၀မ်းကို ရေ၀င်နိုင်စေရန် ဖောက်ထားပြီး ၄င်းကို သေတ္တာပုံစံ သံပြားများဖြင့် ကာရံထားသည်။
၁.၅၊ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ပစွည်းများ (Synthetic materials)
ဓာတုဗေဒနည်းအားဖြင့် ပြုလုပ်ထားသော ပစွည်းများမှာ များပြားသဖြင့် စာပိုဒ်တစ်ပိုဒ်ထဲတွင် ဖော်ပြရန် မဖြစ်နိုင်ပေ။ ယေဘူယအားဖြင့် ဓာတုဗေဒနည်းအားဖြင့် ထုတ်လုပ်ထားသော ပစွည်းများသည် သံချေးတက်ခြင်းမရှိပေ။ သို့သော် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်နှင့် အဆိုပါ ပစွည်းများ၏ သက်တမ်းသည် ၄င်းတို့၏ ပေါင်းစပ်ပစွည်း (Compound)များ၏ ဂုဏ်သတ္တိကို ကျဆင်းစေသည်။ ဓာတုပစွည်းများသည် သံလိုက်နိုင်ပြီး ဂဟေဆော်၍ မရနိုင်ပေ။ ၄င်းပစွည်းများကို ရွက်လှေများတည်ဆောက်ရာတွင် အများအားဖြင့် အသုံးပြုကြသည်။ ကြီးမားသော သင်္ဘောအတွက်မူ၊ ၄င်းပစွည်းများကို ပိုက်စနစ်အတွက် အသုံးပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့၏ ဂုဏ်သတ္တိမှာ လျှပ်ကူးမှု့မှ ကာကွယ်နိုင်ပြီး သံချေးတက်ခြင်းမှလည်း ကာကွယ်နိုင်သောကြောင့်ဖြစ်သည်။ ယနေ့ခေတ်တွင် သင်္ဘောဆေးများတွင်လည်း အဆိုပါ ပစွည်းများကို တွေ့မြင်နိုင်သည်။ ကြိုးများကို လည်း အပင်မှရသော အခေါက်များ(Manilla) မှ ထုတ်လုပ်ခြင်းအစား အဆိုပါ ဓာတုပစွည်းများကို အသုံးပြုလာကြသည်။ ဓာတုပစွည်းများသည် မီးလောင်လွယ်သည်၊ ထို့ပြင် သတ္တုများထက်စာလျှင် အပူခံနိုင်စွမ်းနည်းသည်။ သံနှင့် အလူမီနီယမ်ကဲ့သို့သော် သတ္တုများကို မီးနှင့် ဖြတ်တောက်လျှင်ရသည်၊ သို့သော် သတ္တုများ မီးလောင်ပါက မီးညှိမ်းသတ်ရန် အလွန်ခက်ခဲသည်။ သို့သော် ကံကောင်းသည်မှာ သတ္တုများသည် အလွယ်တကူ မီးမလောင်နိုင်ပေ။
အများအားဖြင့် အသုံးပြုကြသော ဓာတုဗေဒ ပစွည်းတစ်မျိုးမှာ GRP ဟုခေါ်သော ဖိုင်ဗာ နန်းမျှင်ဖြင့် အားဖြည့်ထားသော ပိုလီရက်စတာ (Glass-fibre Reinforced Polyester) ဖြစ်သည်။ အခြားသော ဖိုင်ဗာဖြင့် အားဖြည့်ထားသော ဓာတုပစွည်းများကို အသုံးပြုနိုင်သောလည်း ၄င်းတို့ကို နည်းပညာမြင့် အသုံးချလုပ်ငန်းတို့တွင်သာ အသုံးပြုကြသည်။ GRP များကို သံချေးတက်ခြင်းမရှိသော၊ ပေါ့ပါးသော အစိတ်အပိုင်းများအတွက် အသုံးပြုကြသည်။ ပုံစံခွက် (Mould) ကို အသုံးပြုခြင်းအားဖြင့် ရှုပ်ထွေးသော အစိတ်အပိုင်းများကိုပါ ပုံဖော်ထုတ်လုပ်နိုင်သည်။ အဆိုပါ ပုံစံခွက်များမှာ ဈေးနှုန်းမြင့်မားသောကြောင့် GRP ပစွည်းများကို အများအားဖြင့် ပုံစံတူ အမြောက်အမြားထုတ်လုပ်နိုင်သော ပိုက်များ၊ ရေလုံ တံခါးများ၊ အစရှိသည်တို့တွင် အသုံးပြုကြသည်။ အချို့သော သင်္ဘောငယ်များ (ဥပမာ- အသက်ကယ်လှေ၊ ကယ်ဆယ်ရေးလှေ၊ ရွက်လှေ၊ မိုင်းရှာသင်္ဘော) အစရှိသည်တို့တွင်လည်း GRP ကို အသုံးပြုသည်။