Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

အခန်း ၁၅ - Safety


            သင်္ဘောပေါ်တွင် လုံခြုံစိတ်ချရမှု့ (Safety)မှာ အရေးပါသော အချက်တစ်ခုဖြစ်သည်။  သင်္ဘောများသည် ကမ်းနှင့် အလွန်ဝေးကွာသော ပင်လယ်ပြင်၌ သွားလာနေသောအခါ အန္တရာယ်နှင့် ကြုံတွေ့ပါက အကူအညီရရှိနိုင်ရန် အလွန်ခက်ခဲသည်။  မည်သူတစ်ဦးတစ်ယောက်မျှ ချက်ခြင်း လာရောက်မကူညီနိုင်ပေ။  မည်မျှကောင်းမွန်သော ရေလုံစနစ်၊ Stability နှင့် စက်ပစ္စည်းများ တပ်ဆင်ထားသည်ဖြစ်စေကာမူ Saftey ကို အမြဲတမ်း သတိရှိရမည်ဖြစ်သည်။  သင်္ဘောပေါ်တွင် Saftey ပ ပစ္စည်းများတပ်ဆင်ထားသောလည်း လုံခြုံစိတ်ချရပြီဟု မယူဆသင့်ပေ။  Safety ကို ၀ယ်ယူ ၍ မရနိုင်ပေ။  များသောအားဖြင့် ဖြစ်ပွားသော ထိခိုက်မှု့များ၊ ဖြစ်ရပ်များ၊ ဆုံးရှုံးမှု့များသည် လူသားများ၏ ပေါ့ဆမှု့နှင့် အမှားများကြောင့်ဖြစ်သည်။
          ရေယဉ်မောင်းနှင့်ရာတွင်လည်း မှန်ကန်စွာနှင့် ဘေးကင်းစွာ မောင်းနှင်ရန်လိုအပ်သည်။  မိမိသင်္ဘောကို ဘေးကင်းစေရန်သာမက အခြားပင်လယ်ပြင်တွင်မောင်းနှင်နေသော သင်္ဘောများကိုပါ သတိပြုရန်လိုအပ်သည်။   Saftey of Navigation ကို အခြားအခန်းတွင် ထပ်မဖော်ပြပေးသွားပါမည်။


Pages

Powered by Blogger.

Followers