Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၆.၅ How to take demage stability into account on board.


    သင်္ဘောတစ်စီး၏ သွားလာမည့် လမ်းကြောင်းပေါ်မူတည်ပြီး Stability ကိုမဖြစ်မနေ တွက်ချက်ရမည်ဖြစ်သည်။  ထို့ပြင် အမျိုမျိုးသော Rules & Regulations များ၏ လိုအပ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။  တင်ဆောင်မည့် ကုန်စည်များ၏ အလေးချိန်၊ အဆိုပါ ကုန်စည်များကို နေရာချထားမှု့သည်လည်း သင်္ဘော ခရီးစဉ် တစ်ခုနှင့် တစ်ခု တူညီနိုင်မည် မဟုတ်ပေ။  ထို့ပြင်အခြားသော အကြောင်းအရာများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
          Damage Stability အတွက် အရေးကြီးသော ထည့်သွင်းစဉ်းစားရမည့် အရာများမှာ -
  • -       ကုန်စည်အမျိုးအစား (ရေစိမ့်ဝင်နိုင်မှု့)
  • -       Wing and Double Bottom tanks များ အခြေအနေ (အပြည့် သို့ အလွတ်)
  • -       အရည်များသည် tanks များအတွင်းမှ ယိုစိမ့်မှု့ ရှိ၊ မရှိ စသည် စသည်တို့ကို ထည့်သွင်းစဉ်းစားသင့်သည်။


အဆိုပါအချက်အလက်များ၏ အကျိုးသက်ရောက်မှု့များကို Rules and Regulations များအပေါ် နားလည်သဘောပေါက်မှု့နှင့် အတွေ့အကြုံများပေါ်မူတည်၍ တွက်ချက်မှု့များစွာ ပြုလုပ်ရန်လိုအပ်သည်။  ထို့ပြင် အရေးပေါ်အချိန်အတွက်၊ သင်္ဘောပေါ်များလူများ အသက်ဆက်လက်ရှင်သန်ရေးအတွက် (chance of survival) ဖြစ်နိုင်ခြေရှိသော တွက်ချက်မှု့များကိုလည်း အဆိုပါ တွက်ချက်မှု့များတွင် ထည့်သွင်းရန်လိုအပ်သည်။ လက်တွေ့တွင် အဆိုပါ တွက်ချက်မှု့များကို ကွန်ပျူတာမသုံးဘဲ တွက်ချက်ရန် မဖြစ်နိုင်ပေ။
     ထို့အတူ သင်္ဘောပေါ်တွင်လည်း ကုန်စည်အမျိုးမျိုးတင်ဆောင်မှု့ကို တွက်ချက်ရန် (Loading Program) ပါဝင်သော ကွန်ပျူတာ ထားရှိရန်လိုအပ်သည်။  တင်ဆောင်လိုသော ကုန်စည်များ၏ အလေးချိန်ကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပြီးပါက အဆိုပါသင်္ဘော၏ Centre of gravity (G) တည်နေရာ၊  သင်္ဘော၏ Keel (K)မှ G အထိ အမြင့် စသည်တို့ကို တွက်ချက်ရယူနိုင်သည်။
     Rules and Regulations များမှ ပြဋ္ဌာန်းထားသော Demage Stability သည် အများဆုံး သတ်မှတ်ထားသည် သင်္ဘောတိမ်းစောင်းမှု့ ဒီဂရီ (Maximum allowed heeling degrees) ကို သတ်မှတ်ထားခြင်းဖြစ်သည်။  သို့သော်တစ်ခါတစ်ရံတွင် သင်္ဘောပေါ်သို့ လှိုင်းကြောင့် သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်နိုင်သော ရေပမာဏ (Flooding)ကိုပါ ထည့်သွင်းစဉ်းစားသည်။


     Counter flooding ဆိုသည်မှာ သင်္ဘောတိမ်းစောင်းရာဘက်မှ ဆန့်ကျင်ဘက်ရှိ Tanks များသို့ ရေဖြည့်သွင်းပြီး သင်္ဘောကို တည်ငြိမ်မှု့ရရှိစေခြင်းဖြစ်သည်။  ၄င်းစနစ်ကို အချို့သော ခရီးသည်တင်သင်္ဘောများတွင် အသုံးပြုသည်။  အချို့သင်္ဘောများတွင် ဤစနစ်ကို အလိုအလျှောက် စနစ် (Automatic systems)များဖြင့် တပ်ဆင်ထားကြသည်။

     Minimum KG (အနည်းဆုံးရှိရမည့် KG ပမာဏ)ဆိုသည်မှာ SOLAS (Safety of Life at Sea)မှ ပြဋ္ဌာန်းထားသော လိုအပ်ချက်များနှင့်အညီ သင်္ဘော၏ centre of gravity “G” နှင့် Keel “K” ကြားရှိအကွာအဝေးဖြစ်သည်။  Maximum KG သည် သင်္ဘော၏ Draught (အနက်)/ Displacement (ရေတွင်နစ်မြုတ်နေသော  အလေးချိန်) နှင့် အခြားသော သက်ရောက်မှု့များအပေါ်မူတည်၍ သတ်မှတ်သည်။

Pages

Powered by Blogger.

Followers