Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

25 July, 2011

၁၄.၃.၃ Binary Paint



               Binary paint များတွင် သင်္ဘောဆေး၏ အလွှာ ဖြစ်ပေါ်ခြင်းနှင့် ခြောက်သွေ့ခြင်းသည် အဆိုပါ ပါဝင်ပစွည်း၂ မျိုး ဓာတုဗေဒ နည်းအားဖြင့် ဓာတ်ပြုခြင်းမှ ဖြစ်ပေါ်လာသည်။  ထို့ကြောင့် အဆိုပါ သင်္ဘောဆေးများအတွက် ပိုမိုကောင်းမွန်သော နာမည်မှာ ဓာတုဗေဒနည်းအားဖြင့် ပြုမူသော သင်္ဘောဆေး (Chemically active paint)” ဖြစ်သည်။  ၄င်းတွင် ပါဝင်သော ပစွည်းများမှာ -
  • -       အခြေခံ ပါဝင်ပစွည်း (the base component)
  • -       မာဆေး (the hardener) တို့ဖြစ်သည်။

သင်္ဘောဆေး သမမျှတသည်အထိ မွှေစက်ဖြင့် မွှေပေးရသည်။

                 Binary paint သင်္ဘောဆေးများအတွက် အရေးကြီးသော အချက်မှာ ဆေးသုတ်မည့် အောက်ခံအရာဝတ္တု၏ ပတ်ဝန်းကျင် အပူချိန်နှင့် ၄င်း၏ သတ္တုအမျိုးအစားသည် သင်္ဘောဆေး၏ ဓာတ်ပြုမှုနှုန်းကို အကျိုးသက်ရောက်မှု့ရှိစေသည်။  ၂မျိုးစပ်သင်္ဘောဆေးများတွင် အဆိုပါဆေး၂မျိုးကို မျိုးမတူ ဆေးပုံး၂ခုနှင့် ဖြန့်ချီလေ့ရှိသည်။  အခြေခံဆေးနှင့် မာဆေးတို့ကို သမမျှတအောင်ရောစပ်ပြီးသောအခါတွင် ရောစပ်ပြီးသော သင်္ဘောဆေးကို ဆေးမသုတ်ခင် အချိန်အတိုင်းအတာတစ်ခုအထိ ကြာအောင်ထားရသည်။ အဆိုပါ အချိန်အတိုင်းအတာကို “မိတ်ဆက်ချိန်” (Introduction time) ဟုခေါ်သည်။  ပုံမှန်အားဖြင့် ၁၀မိနစ်ခန့်ကြာအောင် ထားလေ့ရှိကြသကဲ့သို့ထုတ်လုပ်သူများမှလည်း သင်္ဘောဆေး၏ အချက်အလက်စာရွက်များတွင် ဖော်ပြလေ့ရှိကြသည်။  ပိုကျန်ရစ်သော သင်္ဘောဆေးများမှ အလဟသ ဖြစ်သွားသည်။  အဆိုပါ သင်္ဘောဆေးများကို ဥပမာအားဖြင့် ပိုလီယူရီသိန်း (polyurethane) နှင့် အက်ပေါက်စီ သင်္ဘောဆေး (epoxy paint) ဟူ၍ တွေ့ရှိနိုင်သည်။

Pages

Powered by Blogger.

Followers