Review Cart.


Checkout Summary.

Total
Items:
> Total
Amount:
+ Delivery:+ Tax:= GRAND
TOTAL:

Send Order Pay with Paypal
View Cart () items.

    25 July, 2011

    အခန်း ၁၄ - Maintenance and docking

    Maintenance and Docking


    ၁၄.၁ Construction materials for ships
    ၁၄.၁.၁ Wood
    ၁၄.၁.၂ Steel
    ၁၄.၁.၃ Aluminium and its alloys
    ၁၄.၁.၄ Copper and its alloys
    ၁၄.၁.၅ Synthetic material
    ၁၄.၂ Corrosion
    ၁၄.၂.၁ The corrosion process
    ၁၄.၂.၂ Protective layers

    ၁၄.၃ သင်္ဘောဆေး
    ၁၄.၃.၁ General
    ၁၄.၃.၂ Conventional Paint
    ၁၄.၃.၃ Binary Paint
    ၁၄.၃.၄ Comparing the two painting systems

    ၁၄.၁ Construction materials for ships

    သင်္ဘောတည်ဆောက်ရာတွင် အသုံးပြုသော ပစွည်းများ

                  ဤအခန်းသည် သတ္တုများအကြောင်းကို သေးစိတ်ဖော်ပြသော အခန်းမဟုတ်ပေ၊ သို့သော် သင်္ဘောတည်ဆောက်ရာတွင် အသုံးပြုသော သတ္တုများအကြောင်း နှင့် ၄င်းတို့၏ သွင်ပြင်လက္ခဏာများ အကြောင်းကို ရှင်းပြမည်။  ဤအခန်းတွင် အဓိကအားဖြင့် သံချေးတက်ခြင်းနှင့် သံချေးတက်ခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း များအကြောင်းကို ဖော်ပြသွားမည်။



    ၁၄.၁.၁ Wood

            ၁၈ရာစု အကုန်အထိ သစ်သားသည် သင်္ဘောတည်ဆောက်ရတွင် အသုံးပြုသည့် တစ်မျိုးထဲသော ပစွည်းဖြစ်သည်။  ၄င်းသစ်သားင်္ဘောများသည် ထိုအချိန်က သံသင်္ဘောများထက် သက်တမ်းပိုမို ကြာကြာခံနိုင်သည်။  မိုင်းရှာ သင်္ဘောများတွင်လည်း သစ်သားကို အသုံးပြုခဲ့ကြသည်။  ယနေ့ ခေတ်သစ်သင်္ဘောများတွင် အထူးသဖြင့် ခရီးသည်တင် သင်္ဘောများတွင် သစ်သားကို လှေကားများ၊ ကုန်ပတ် နှင့် အတွင်းပိုင်းအလှဆင်မှု့ အတွက် အသုံးပြုကြသည်။  မာကြောသော သစ်သား (ဥပမာ - ကျွန်းသစ်)မှလွဲ၍  ကျန်သော သစ်သားများမှာ ဆွေးမြေ့ပျက်စီးနိုင်သောကြောင့် အဆိုပါ ဆွေးမြေ့ပျက်စီးမှု့မှ ကာကွယ်ရန်လိုအပ်သည်။  ကုန်းပတ်တွင် သစ်သားကို အသုံးပြုခြင်းအားဖြင့် ချောလဲခြင်း (slippery) မှ ကာကွယ်နိုင်သည်။  သစ်သားများသည် အခြားသော သတ္တုပစွည်းများကဲ့သို့ မဟုတ်ဘဲ၊ အကြိမ်ကြိမ်ဖိနှိပ်သော်လည်း အားနဲခြင်း ညောင်းသွားခြင်းမရှိပေ။  သိုရာတွင် သံထည် ကုန်းပတ်ပေါ်တွင် သစ်သားကို ထပ်ခင်းပါက သံချေးမတက်စေရန် အထူးဂရုပြုရန်လိုအပ်သည်။  အလွန်များပြားသော သံချေးမျာမတက်စေရန်အတွက် သစ်သားနှင့် သံကြားတွင် ရေမခိုစေနိုင်ရန် ပြုလုပ်ရမည်။





    ၁၄.၁.၂ Steel

                        ၁၈၀၀ ပြည့် အစောပိုင်းကာလများတွင် သင်္ဘောများကို သစ်သားနှင့်တည်ဆောက်ရာမှ အခြားသော ပစွည်းများနှင့် ရောစပ်တည်ထွင်ပြီး တည်ဆောက်လာခဲ့ကြသည်။  သစ်သားကို သံဖရိန် (Steel frames) များနှင့် ရောစပ်တည်ဆောက်ရာမှ နောက်ပိုင်းတွင် ၁၀၀% သံထည်များကို အသုံးပြုလာခဲ့ကြသည်။  ရောစပ်တည်ဆောက်ခြင်း (Composite Building) သည် သံဖရိန်များကို အသုံးပြုပြီး ကုန်းပတ်နှင့် သင်္ဘောဝမ်းများကို သစ်သားကပ်၍ တည်ဆောက်ခြင်းဖြစ်သည်။  အဆိုပါသဘောင်္များကို အလျှား ၉၀ မီတာအထိ ရှည်အောင် တည်ဆောက်ခဲ့ကြသည်။  ၁၈၃၀ တွင် တည်ဆောက်သော “Birth” အမည်ရှိ သင်္ဘောမှာ  ရေနွေးငွေ့စွမ်းအားသုံး မြန်နှုန်းမြင့်သင်္ဘောဖြစ်ပြီး သံထည်သက်သက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  သံထည်များကို အသုံးပြုပြီးတည်ဆောက်ခြင်းအတွက် အရေးပါသော မှတ်တိုင်တစ်ခုမှာ “Great Easten” အမည်ရှိသင်္ဘောဖြစ်သည်။  အဆိုပါသင်္ဘောကို ၁၈၅၃ ခုနှစ်တွင်စတင်တည်ဆောက်ပြီး ၁၈၅၈ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။  အဆိုပါသင်္ဘောသည် အလျှား ၂၀၀ မီတာ၊ အနံ ၂၅ မီတာ နှင့် အနက် ၁၇ မီတာရှိသည်။ အဆိုပါသင်္ဘောသည် ထိုစဉ်အချိန်က အကြီးဆုံး သံထည်သင်္ဘော ဖြစ်ခဲ့သည်။  ထိုနောက်ပိုင်းတွင် သံထည်တည်ဆောက်မှု့ အဆင့်ဆင့်ကို ပိုမိုကောင်းမွန်အောင်တည်ထွင်ကြံဆ လုပ်ကိုင်လာခဲသည်မှာ တဖြည်းဖြည်းနှင့် ယနေ့ခေတ်အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။  ယနေ့အချိန်တွင်လည်း သံမဏိသည် သင်္ဘောတည်ဆောက်ခြင်းအတွက် လူကြိုက်အများဆုံး သတ္တုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်
    • -       နည်းပညာပိုင်းဆိုင်ရာ၌ လည်းကောင်း၊ စီးပွားရေး ရှုဒေါင့်အားဖြင့်လည်းကောင်း အားသာချက်များရှိခြင်း
    • -       သံ၏ ခံနိုင်ရည်အား (Strength)
    • -       ဂဟေ (Welding)ဆော်ရန် အတွက် သင့်လျှော်သော သတ္တုဖြစ်ခြင်း
    • -       ကျိုးပဲ့မှု့မှ ခံနိုင်ရည်ရှိခြင်း (adequate resistance to brittle fracture)
    • -       ဈေးနှုန်းသက်သာခြင်း နှင့် အလွယ်တကူရရှိနိုင်ခြင်း

    စသော အချက်များကြောင့်ပင် သံကို သင်္ဘောတည်ဆောက်မှု့အတွက် လူကြိုက်များရခြင်း ဖြစ်သည်။

    ၁၄.၁.၃ Aluminium and its alloys

           အလူမီနီယမ်သည် အလွန်ပျော့သော သတ္တုဖြစ်သည်၊ သို့သော် အခြားသော မှန်ကန်သည့် ပေါင်းစပ်သတ္တုများကို ရောစပ်ခြင်းဖြင့် ပိုမို တောင့်တင်းပြီး ပိုမို မာသော သတ္တု အဖြစ် ရရှိလာသည်။  အလူမီနီယမ်သည် သံလိုက်မှု့ (non-magnetic) မရှိသော သတ္တုဖြစ်ပြီး၊ မိုင်းရှာသင်္ဘောများတည်ဆောက်ရန်အတွက် အသုံးဝင်သည်။  အလူမီနီယမ်မှာ သဘာဝအားဖြင့် တည်ငြိမ်သော (Nobel) သတ္တု မဟုတ်သော်လည်း အတန်အသင့် ချေးတက်(Corrosion) မှ ခံနိုင်ရည်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၄င်း၏ အပေါ်ယံလွှာသည် သိပ်သည်းသော အောက်ဆိုဒ်အလွှာဖြစ်ပြီး ၄င်းသည် ချေးတက်ခြင်းမှ ကာကွယ်ပေးသည်။  သို့သော် အကယ်၍ ဓာတုပစ္စည်း သို့မဟုတ် လျှပ်စစ်ကြောင့် အဆိုပါ အောက်ဆိုဒ် အလွှာပျက်ပျယ်သွားပါက အလျှင်အမြန် ချေးတက်နိုင်သည်။

                အလူမီနီယမ်ကို အသုံးပြုခြင်း၏ အဓိက ကောင်းကျိုးမှာ ပေါ့ပါးခြင်းဖြစ်သည်။  သို့သော် အလူမီနီယမ်သည် သံမဏိထက် ပိုမို ပျော့ပြောင်းသောကြောင့် တည်ဆောက်ရာတွင် ပိုမို ခက်ခဲသည်။  အပေါက်ဖောက်ပါက အလွယ်အကူ ညိနိုင်သည်။ ထိုပြင် မျက်နှာပြင်ညီညာမှုရရန် ပိုမိုခက်ခဲသည်။  မျက်နှာပြင်ညီညာစေရန် အသုံးပြုသော ကျောက်မှာလည်း (Grindstone) ခဏအတွင်း အလူမီနီယမ် အမှုန်များဖြင့် စေးကပ်ပြီးသွားနိုင်သည်။  ထိုပြင် အလူမီနီယမ်ကို ပုံမှန် ဂဟေဆက် ပစွည်းများဖြင့် အသုံးပြုရန် မလွယ်ကူပေ။  အလူမီနီယမ်ကို ခရီသယ်တင်သင်္ဘောများ၏ အထက်ပိုင်း အထပ်များအတွက်သော်လည်းကောင်း၊ မိုင်းရှာသင်္ဘောများတွင် လည်းကောင်း၊ ဇိမ်ခံ ရွက်လှေများအတွက်သော်လည်းကောင်း၊ အသက်ကယ်လှေများအတွက်သော်လည်းကောင်း၊ မြန်နှုန်းမြင့် အပေါ့စား မော်တာ သင်္ဘောများအတွက်သော်လည်းကောင်း၊ အချို့သော ပေါ့ပါးရန်လိုအပ်ပြီး သံလိုက်မှုမရှိရန်လိုအပ်သော ဥပမာ ငါးဖမ်းသင်္ဘောများ၏ စလင်ခန်း (Wheelhosue) အတွက်သော်လည်းကောင်း၊ ကြီးမားသောသင်္ဘောများ၏ သံလိုက်အိမ်မြှောင်ထားရှိရာ ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း အသုံးပြုသည်။


    ၁၄.၁.၄ Copper and its alloys

    ကြေးဝါ (Brass)

            ကြေးဝါသည် တည်ငြိမ်မှု့(nobel) အတန်အသင့်ရှိသောကြေးနီနှင့် သွပ် ရောစပ်ထားသော သတ္တုဖြစ်သည်။  ပင်လယ်ရေနှင့် ထိတွေ့ပါက သွပ်သည် ပင်လယ်ရေထဲတွင် ပျော်ဝင်နိုင်သွားသောကြောင့် ကျန်ရစ်သောသတ္တုသည် အပေါက်ငယ်များဖြင့် ကျန်ခဲ့သည်။  ထို့ကြောင့် အဆိုပါ ကြေးဝါ (Brass) ကို ပင်လယ်ရေနှင့် အမြဲတမ်းထိတွေ့ရန် လိုအပ်သော အစိတ်အပိုင်းများတွင် အသုံးမပြုပေ။  သို့သော် ကြေးဝါသည် ရေချိုနှင့် ဆီများနှင့် ထိတွေ့ရန် သင့်လျှော်သောကြောင့် ဆီထိုးပေါက်များ (nipples)၊ သာမိုမီတာ၊ မန်နိုမီတာ စသော သင်္ဘောတွင် ပြောင်လက်သော ကိရိယာများအတွက် အသုံးပြုသည်။  သင်္ဘောအိမ်မြှောင်အိမ်အတွက်လည်း  အဆိုပါ ကြေးဝါကို အသုံးပြုသည်။







    ကြေးညို (Bronze)

            ကြေးညိုသည် ရောစပ်သတ္တုဖြစ်ပြီး ကြေးနီ (copper) နှင့် သံဖြူကို ရောစပ်ထားခြင်းဖြစ်သည်။  ကြေးညိုသည် ပင်လယ်ရေနှင့်ထိတွေ့ရာတွင် ခံနိုင်ရည်ရှိပြီး ၄င်းကို သင်္ဘောပန်ကာ (Propellers)များ ၊ ဗာဗ် (Vlaves)များ၊ အအေးခံသည့် ကိရိယာများ (coolers) နှင့် အခြားသော ပင်လယ်ရေနှင့် ထိတွေ့ရန် လိုအပ်သော အစိတ်အပိုင်းများ အတွက် အသုံးပြုသည်။  ယနေ့ခေတ်တွင် သင်္ဘော ခေါင်းလောင်းကို ကြေးညိုသတ္တုဖြင့် ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး သင်္ဘောပန်ကာ (Propellers) များကိုမူ အခြား သော တီထွင်ထုတ်လုပ်ထားသည့် ပိုမိုကောင်းမွန်သော ရောစပ်သတ္တုများကို အသုံးပြုလာကြပြီဖြစ်သည်။  ကြေးညိုကို ယနေ့အချိန်တွင် ရေစုပ်စက် (Pumps) များနှင့် အပူလဲလှယ်ကရိယာ (Heat Exchangers) များတွင် တွေ့ရှိနေရဆဲဖြစ်သည်။  ကြေးညိုသည် သံမဏိထက် ပိုမို တည်ငြိမ် (nobel) သောသတ္တုဖြစ်သည်။  အလွန်ပျော်ဝင်နှုန်းမြင့်သော ပင်လယ်ရေတွင်မူ သံဖြူသည် တဖြည်းဖြည်းပျော်ဝင်နိုင်သည်။  ၄င်းအချက်ကြောင့် ကြေးညိုသတ္တု အသုံးပြုသော သင်္ဘောပန်ကာများသည် တဖြည်းဖြည်း မျက်နှာပြင် ကြမ်းတမ်းလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။

    ၁၄.၂ Corrosion

                  ယခု အခန်းတွင် သံချေးတက်ခြင်း ၊ သံချေးတက်ပုံ အဆင့်ဆင့်နှင့် သံချေးတက်ခြင်းမှ ကာကွယ်ပုံ တို့ကို ဖော်ပြပေးသွားပါမည်။


    Pages

    Powered by Blogger.

    Followers